Part-2

6.4K 520 30
                                    

Unicode Version

ညီသုတ၊စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်တို့ဟာ အတန်းပိုင်ဆရာမခိုင်းလိုက်သောအလုပ်ကိုလုပ်ရန် ကျောင်းအုပ်ကြီးရုံးခန်းသို့သွားသောလမ်းတွင် ရှိနေကြလေ၏။

အမှန်ဆိုလျှင်ကျောင်းအုပ်ရုံးခန်းသည်သူတို့အခန်း၏အပေါ်ထပ်တည့်တည့်တွင်ရှိသည်။ သို့သော် လမ်းကိုတည့်တည့်မတ်မတ်မသွားတတ်ကြသောသူတို့သုံးယောက်ကတော့ ကျောင်းအုပ်ကြီးရုံးခန်းသို့မဝင်ခင် ကျောင်းကိုတစ်ပတ်အရင်ပတ်ကြသည်။

" သူ ဒီီနေ့ဘာလို့ကျောင်းမလာတာလဲမသိဘူး"

သုံးယောက်သားဟာအေးအေးလးလူလမ်းလျှောက်နေရင်းမှ ကာရန်ရှင်းအကြောင်း ဆွေးနွေးခန်းဝင်နေကြလေသည်။

"နေမကောင်းလို့များလား"

စွမ်းထက်ပိုင်၏စကားကြောင့် ညီသုတသည်ပို၍စိုးရိမ်သွားရတော့သည်။

"နေမကောင်းရင်ခွင့်တိုင်မှာပေါ့ကွ အခုမှပထမဆုံးအချိန်ပဲရှိသေးတယ် ကျောင်းနောက်ကျနေတာလည်းဖြစ်နိုင်တာပဲ"

လင်းထက်ပိုင်၏စကားကိုကြားသောအခါတွင်လည်း ညီသုတမှာစိတ်အေးရပြန်သည်။ သူတို့နှစ်ယောက်သည် စွမ်းထက်ပိုင်အဖို့ ​ကောင်းစိတ်နှင့်ဆိုးစိတ်တို့လွန်ဆွဲနေသည်နှင့် တူလှသည်။

သုံးယောက်သားစကားတပြောပြောနှင့် ကျောင်းတစ်ပတ်ပတ်ပြီးသွားသည့်နောက်မှသာ ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ ရောက်ကြတော့သည်။ ငါးမိနစ်ခန့်အကြာတွင် ရုံးခန်းထဲမှပြန်ထွက်လာခဲ့ပြီးနောက်တွင် အပေါ့သွားချင်သေးသဖြင့် ယောကျ်ားလေးအိမ်သာဘက်သို့သွားရပြန်သေးသည်။

အားလုံးပြီးစီး၍ကျောင်းခန်းဆီသို့ပြန်သွားသည့်အခါတွင် စာသင်ချိန်တစ်ဝက်ကျိုးနေလေပြီ။

"ဆရာမ ဝင်ခွင့်ပြုပါ"

"ဟဲ့ ညီသုတတို့သုံးယောက် ငါကမေ့တောင်မေ့နေပြီ နင်တို့ကိုကျောင်းအုပ်ကြီးရုံးခန်းကိုသွားခိုင်းတာလေ ဘာလို့အခုမှပြန်လာတာလဲ"

"ဟို အဲ့ဒါက.."

စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်ကအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသဖြင့် ညီသုတကပင်ခပ်တည်တည်နှင့်လိမ်ရလေတော့သည်။

Mr.Silent (Completed)Where stories live. Discover now