Part-34

2.6K 212 13
                                    

Unicode Version

အကျွမ်းတဝင်ရှိခဲ့ပြီးသား လူတစ်ဦးနှင့် ဆက်ဆံရေးကို အသစ်က တစ်ဖန်ပြန်လည်စတင်ရသည်မှာ ခပ်ကြောင်ကြောင်နိုင်လှပေသည်။ သို့သော် ကာရန်ရှင်းအဖို့တော့ သည်လိုမှမနီးစပ်ရလျှင် ဘယ်သောအခါမှ နီးကပ်နိုင်တော့မည်မထင်။

ယခုနေများ ကာရန်ရှင်းအဖြစ်နှင့် ညီသုတအနားသို့ ပြန်လည်ချဥ်းကပ်ခဲ့မိပါလျှင် အခြေအနေဟာ ယခုလက်ရှိနှင့် ဆန့်ကျင်ဘက် ဖြစ်ကောင်းဖြစ်သွားနိုင်သည်။

ကာရန်ရှင်းဟူသောဖြစ်တည်မှုဟာ ညီသုတအတွက် မည်မျှရင်နာနေစေမလဲဆိုသည်ကို တိုင်းဆ၍မရနိုင်သည်ဖြစ်ရာ ယခုလို Tristan Shinအနေနှင့်သာ ဆက်ဟန်ဆောင်ရုံသာရှိတော့သည်။

လူသားများ၏ လောဘဆိုသည့်အရာမှာလည်း အဆန်းသား။ မတိုင်ခင်က ညီသုတကို ငေးကြည့်နေရနှင့် ရောင့်ရဲခဲ့သော သူဟာ ယခုလို ခင်မင်မှုရသွားသည့်နောက်တွင် ညီသုတ၏အသံလေးကိုပါ ကြားချင်လာသည်။

ခွဲခွါခဲ့ရသည့်ငါးနှစ်အတွင်း၌ သူသည်ပင် လူပျိုဖော်ဝင်ပြီးနောက် အသံသည် ကလေးအသံလေးမှ လူကြီးဆန်ဆန်သြရှသော အသံကို ပြောင်းလဲလာသည်ဖြစ်ရာ ရင့်ကျက်လေပြီဖြစ်သော ညီသုတ၏အသံလည်း ဘယ်လိုဘယ်ပုံပြောင်းလဲနေပြီလဲဆိုသည်ကို သိလိုသည်။

ထိုစိတ်ကူးသည် လတ်တလောတွင် စိတ်ကူးယဥ်သက်သက်မျှသာ။ သူနှင့် ညီသုတသည် အသံကြားရဖို့ တောင်းဆိုရလောက်သည်အထိ မရင်းနှီးသေးသည့် အနေအထားဖြစ်နေပေသည်။

သို့သော်ငြား အချိန်များဟာ တစ်ရက်မှနှစ်ရက်၊ တစ်ပတ်မှ နှစ်ပတ်၊ တစ်လမှ နှစ်လအထိ ကူးပြောင်းလာသောအခါတွင်မူ သူနှင့်ညီသုတ၏ဆက်ဆံရေးသည် အလွန်သင့်မြတ်လှသည်ဟု ဆိုနိုင်လောက်သည့် အနေအထားသို့ပင် ရောက်လာခဲ့သည်။ ဤသည်ကပင် သူ၏ဆန္ဒများပြည့်ဝရန် အကြောင်းဖန်လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံနှစ်ခုအကြား အချိန်ကွာဟချက်သည် တစ်နာရီခွဲမျှသာ ဖြစ်သဖြင့် သူတို့ အများဆုံးစကားပြောဖြစ်ကြသည့်အချိန်မှာ ညဘက်များသာ..။

Nyi Thuta : "မဟုတ်ဘူး။ ငါထင်တာတော့ သူက ဂီတဘက်ကိုပဲ အာရုံစိုက်ချင်လို့ အခုလိုလုပ်လိုက်တယ်ထင်တာပဲ"

Mr.Silent (Completed)Where stories live. Discover now