Part-6

4K 369 13
                                    

Unicode Version

"ငါ့ကောင်ရာ မင်းအဲ့ဒီလောက်အထိခံစားနေရတာကို မကြည့်ရက်တော့ဘူးကွာ။ တအားနာကျင်နေရတယ်ဆိုရင် လက်လွှတ်လိုက်တာကအကောင်းဆုံးပဲ။ တစ်ခါတလေကျရင်လက်လွှတ်တတ်ဖို့ကလည်း ဖြေရှင်းနည်းတစ်မျိုးပဲကွ"

လင်းထက်ပိုင်ကစားပွဲပေါ်ရှိပုလင်းကိုဆွဲယူ၍ သူ၏ဖန်ခွက်ထဲသို့ အပြည့်လောင်းချလိုက်သည်။ သူ၏မျက်ခုံးကိုလည်း ကျုံ့ဝင်သွားတော့မတတ် တွန့်ချိုးထားလေသည်။ မျက်နှာအမူအရာကလည်း ထိခိုက်ခံစားနေရဟန်အပြည့်နှင့် သူငယ်ချင်းဖြစ်သူအစားရင်နာနေမှုကအထင်းသား။

ဖန်ခွက်ထဲမှအရည်များကိုတစ်ကျိုက်တည်းမော့သောက်လိုက်ပြီးနောက် သူ၏အရှေ့တည့်တည့်တွင်ဒုက္ခများနေရှာသောအမူအရာနှင့် ပူပန်မှုများဖိစီးနေသောညီသုတကို မော့ကြည့်လိုက်သည်။

"လက်လွှတ်လိုက်တာနဲ့ငါသေမှာကွ။ မစာမနာလာမပြောနဲ့။ အခုချက်ချင်း ဒီနားကိုမလာသေးဘူးလား"

အမြင့်တစ်နေရာမှကြားနေရသောညီသုတ၏အသံတွင် အနည်းငယ်ထိတ်လန့်မှုများပါသည်။ လင်းထက်ပိုင်ကတော့ သူ၏စကားများကိုအပြောမပျက်သေးပေ။

ထိုအခိုက်တွင်စွမ်းထက်ပိုင်ကအိမ်ထဲမှအသားပန်းကန်လေးကိုင်ရင်း အပြင်ဘက်သို့လေတချွန်ချွန်နှင့်ထွက်လာသည်။ အပြင်သို့ရောက်ရောက်ချင်းမြင်လိုက်ရသောမြင်ကွင်းကြောင့် စွမ်းထက်ပိုင်မှာလှမ်းလက်စခြေလှမ်းပင်ရပ်တန့်သွားရသည်။

အိမ်နောက်ဖေးဘက်ရှိစားပွဲခုံတွင်ဖျော်ရည်ထိုင်သောက်နေသောလင်းထက်ပိုင်နှင့် ခြံထောင့်ရှိအပင်ကြီးပေါ်၌သစ်ကိုင်းကိုအမိအရဆုပ်ကိုင်ရင်းတွဲလဲခိုနေရရှာသောညီသုတတို့ကိုကြည့်၍ စွမ်းထက်ပိုင်ခမျာပါးစပ်အဟောင်းသားဖြစ်သွားရှာသည်။

"သူတောင်းစား ဒီနားကိုမြန်မြန်လာပြီးငါ့ကိုလာကူဦးလို့"

လင်းထက်ပိုင်ကထိုင်ခုံတွင်ထိုင်နေပြီးတစ်ယောက်တည်းဒရာမာခင်းနေပြီး အပင်ပေါ်ရှိညီသုတကလည်းသူ့ကိုအသည်းအသန်လှမ်းခေါ်နေသည်။

Mr.Silent (Completed)Dove le storie prendono vita. Scoprilo ora