Part-38

2.6K 234 25
                                    

Unicode Version

အတိတ်တို့သည် မပြီးဆုံးနိုင်သေးဘဲ သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်နေသယောင် ခံစားမိသည်။ ညီသုတခမျာ အတိတ်ကို အတိတ်၌ထားခဲ့၍ မရနိုင်ဘဲ နောက်တစ်ဖန်ပြန်လည်နာကျင်ရသောအခါ အနာကျက်ခဲ့ပြီဆိုသော်ငြား မှတ်မှတ်ရရတွေးတောနာကျင်ရပြန်သည်။

သူသည် ထိုလူသားကို ထပ်မတွေ့လိုတော့ပေ။ ထိုလူသားနှင့် ဆက်နွယ်နေသောနာကျင်မှုများကိုလည်း မခံယူလို။ သို့သော်ရက်စက်နိုင်လွန်းသူသည် သူ့အား နောက်တစ်ကြိမ်နာကျင်စေရန် စေစားလာပေသည်။

"သူနဲ့မင်းက ပြီးခဲ့ပြီ။ မင်းစိတ်ကို မင်းထိန်းထားလို့ရမလား။ သူ့အတွက်နဲ့ ဒီလောက်ကြိုးစားထားတဲ့ အေးချမ်းတဲ့ဘဝလေးကို ဖျက်စီးလိုက်တော့မလို့လား။ မတန်ဘူးကွ"

"လင်းထက်ပြောတာမှန်တယ်။ သူကမင်းရဲ့အတိတ်ဖြစ်သွားပြီ။ လက်ရှိမှာ သူကလာပတ်သက်ချင်ရင်တောင် အဲ့ဒါတွေကအတိတ်ဖြစ်သွားပြီ။ ငါပြောတာနားလည်လား။ ဒီအခြေအနေရောက်အောင် မင်းဘယ်လိုကြိုးစားခဲ့လဲဆိုတာ ငါတို့အသိဆုံး။ ဒါလေးအတွက်နဲ့တော့ ကိုယ့်စိတ်ကို ပြန်မသတ်နဲ့တော့"

အမြွှာနှစ်ယောက်၏ အားပေးစကားသည်လည်း သူ့ခေါင်းထဲသို့ ရောက်တစ်ချက်၊ မရောက်တစ်ချက်။ သူ၏အာရုံအလုံးစုံသည် မတိုင်မီကမြင်ခဲ့ရသော ထိုလူသားဆီတွင်သာ တဝဲလည်လည်။ ချစ်ပါလျက်နှင့် မုန်းနေရသောဒုက္ခသည် အလွန်ပင်ပန်းလှပါရဲ့။ ဝဋ်ကြွေးဆိုလျှင်လည်း အမြန်သာကျေလိုပါရဲ့။ သူ တကယ်မခံစားနိုင်တော့ပါလေ။

"ငါနားလည်ပါတယ်။ အခုကလည်းရုတ်တရက်ကြီးဖြစ်သွားလို့ပါ။ ငါအဆင်ပြေပါတယ်"

"ပြေပါတယ်သာပြောတာ မင်းပုံစံကိုလည်းကြည့်ဦး။ မတ်တပ်ရပ်ဖို့တောင် အားမရှိတော့ဘဲနဲ့။ ကြာခဲ့ပြီပဲကွာ။ ဒီလောက်ဖြစ်စရာလိုလို့လား"

လင်းထက်ပိုင်သည် ညီသုတကိုအားမလိုအားမရဟန်နှင့် ပြောလေရာ ညီသုတလည်း သက်ပြင်းသာချလိုက်မိသည်။ အလွယ်တကူချစ်ခဲ့မိသည်မှ မဟုတ်ဘဲလေ။ ဘယ်လိုများ အလျင်အမြန်သွေးအေးနိုင်ပါ့မလဲ။

Mr.Silent (Completed)Where stories live. Discover now