Part-29

2.7K 258 43
                                    

Unicode Version

ငါးနှစ်ကြာသော်.....။

Heaven Apex အင်တာတိန်းမန့်ကုမ္ပဏီတစ်ခု၏ ရုံးခွဲဖြစ်သည့် Heaven Wave ကုမ္ပဏီသည် မန္တလေးမြို့၏ထိပ်တန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်။ Heaven Apexသည် အလားအလာရှိသော မော်ဒယ်လ်များနှင့် သရုပ်ဆောင်များကို ရှာဖွေစုဆောင်း၍ မြေတောင်မြှောက်ပေးသော အင်တာတိန်းမန့်ကုမ္ပဏီဖြစ်ပြီး Heaven Waveသည် ဗီဒီယိုဂိမ်းများ၊ 3Dဂိမ်းများ၊ animation movieများကို အကောင်းမွန်ဆုံးအရည်အသွေးနှင့် ထုတ်လုပ်ရာ ကုမ္ပဏီဖြစ်သည်။

Heaven Waveသည် ဌာနများစွာရှိပြီး သက်ဆိုင်ရာဌာနတွင် တာဝန်ထမ်းဆောင်ရသော ရာထူးများစွာလည်းရှိသည်။ ထိုဌာနများထဲတွင် မျက်နှာသာအပေးခံရဆုံး ဌာနနှစ်ခုရှိသည်။ Game development departmentနှင့် Animation departmentတို့သည် ကုမ္ပဏီ၏ အမြင့်မားဆုံးအောင်မြင်မှုများကို ယူဆောင်လာခဲ့သဖြင့် ကုမ္ပဏီကလည်း ထိုဌာနနှစ်ခုကို အခြားဌာနများနှင့်ယှဥ်လျှင် ပိုမျက်နှာသာပေးလေ့ရှိသည်။

"မင်းပြောတာ ငါနားလည်တယ်။ ဒါပေမယ့် အထက်က ဒီprojectကို သိပ်သဘောမကျပုံပဲ။ ဒါပေမယ့် သူတို့budgetတော့ ချပေးမှာ။ ချပေးမယ်ဆိုပေမယ့်လည်း အဲ့ဒီပမာဏလောက်နဲ့ Cအဆင့်ပဲရှိတဲ့ Animationကိုပဲ လုပ်နိုင်လိမ့်မယ်"

"ဒါဆို အသံသရုပ်ဆောင်တွေကရော.."

"ငါပြောတာကို မင်းနားမလည်တာလား။ အသံသရုပ်ဆောင်တွေက သေချာပေါက် Cအဆင့်ထဲက ကောင်းတာလေးတချို့ ရွေးမှဖြစ်မှာ။ မဟုတ်ရင် projectတစ်ခုလုံး Cအဆင့်ဖြစ်သွားလိမ့်မယ်"

"ဒါပေမယ့် storylineက လူငယ်တွေကြားမှာ တကယ်ပေါက်မှာနော်။ အဲ့ဒါကို အသံသရုပ်ဆောင်တွေကို အတော်ဆုံးထဲကသုံးခွင့်မရရင် ကြိုးစားသမျှ သဲထဲရေသွန်သလိုပဲ"

Animationဌာန၏ ဌာနမှူးနှင့် Projectတာဝန်ခံတို့နှစ်ဦးသည် သီးသန့်ရုံးခန်းထဲ၌ ထိုင်ကာ အသစ်ထုတ်လုပ်မည့် Animation movieအတွက် ခေါင်းစားနေခိုက် ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။

"ဝင်ခဲ့.."

တံခါးကို ဖွင့်၍ အခန်းထဲသို့ ဖြည်းညင်းစွာဝင်လာသူသည် ဌာနမှူးနှင့် တာဝန်ခံတို့အား ခေါင်းအသာညိတ်ပြရင်း နှုတ်ဆက်လေသည်။

Mr.Silent (Completed)Where stories live. Discover now