Extra-2

4.5K 271 46
                                    

Unicode Version

[A/N: Warning!! ကြမ်းလို့တော့မဟုတ်ပါဘူး။ စကားပြောတချို့က ကလေးလေးတွေနဲ့ မသင့်တော်ဘူးလားလို့။ ကိုယ့်စာဖတ်သူတွေက ကလေးတွေများလို့ရယ်]

လက်ထပ်ပွဲအခမ်းအနားနေ့မှာ နှစ်ဖက်မိဘများနှင့် အသိမိတ်ဆွေတချို့သာ ပါဝင်တက်ရောက်ကြရသည်ဖြစ်ရာ မစည်ကားသော်လည်း ပျော်ဖို့ကောင်းသည်။ သတို့သားနှစ်ယောက်သည် သာမန်နေ့များလိုလွတ်လွတ်လပ်လပ်နေလည်းရပြီး အခမ်းအနားကြောင့် စိတ်ကျဥ်းကြပ်မှုဟူ၍လည်းမရှိ။ အားလုံးသည် လူရင်းများပေမို့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်သာ။

အဆောင်အယောင်များစွာမပါဘဲ သီးသန့်ပန်းခြံလေး၌သာ ပွဲကျင်းပဖြစ်ပြီး ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်ငြိမ်အေးသဖြင့် သက်တောင့်သက်သာရှိသည်။ ပေါ့ပေါ့ပါးပါးလုပ်သည့်ပွဲဖြစ်သည်မို့ လက်ဖွဲ့မလိုဟုပြောထားသော်လည်း မနိုင်စိန်နှစ်ယောက်ကတော့ ထိုစကားကိုလက်မခံကြချေ။

တားမရသည့်အဆုံးတွင် ညီသုတနှင့်ကာရန်ရှင်းသည် အမြွှာနှစ်ယောက်နှင့် ချယ်ရီလင်းယူလာသောလက်ဖွဲ့တချို့ကို လက်ခံလိုက်ရသည်။ အခမ်းအနားပြီး၍ ကာရန်ရှင်း၏အိမ်သို့ချီတက်ကြရတော့မည့်အချိန်တွင် စွမ်းထက်ပိုင်က သူတို့အနားတိုးကပ်ကာ စကားတစ်ခွန်းကို မမေ့မလျော့ တီးတိုးပြောသွားသေးသည်။

"လက်ဖွဲ့တွေကို မအိပ်ခင်တော့ ဖွင့်ဖောက်ကြည့်ကြဦး"

စွမ်းထက်ပိုင်၏ပြောင်စပ်စပ်မျက်နှာပေးကြောင့် ညီသုတ၏စိတ်ထဲထင့်သွားရသည်ကိုတော့ ဘယ်သူမှမသိနိုင်ပေ။

အိမ်ကိုပြန်သည့်လမ်းတွင် ကာရန်ရှင်းနှင့်ညီသုတတို့က ကားတစ်စီးသက်သက်နှင့် ပြန်လာခဲ့လေရာ ညီသုတမှာ သူ့စိတ်ထဲထင့်နေသည့်အကြောင်းအရာကို ကာရန်ရှင်းအား မဆိုင်းမတွထုတ်ပြောမိသည်။

"စွမ်းထက်တို့ပေးတဲ့လက်ဖွဲ့ဆိုတာကို စိတ်ထဲသိပ်မသင်္ကာဘူး"

"ဘာမသင်္ကာစရာရှိလို့လဲ"

ကာရန်ရှင်းက ဒရိုင်ဘာနေရာတွင် လူတစ်ယောက်ပါနေသေးသည်ကို မမှုဘဲ ညီသုတ၏ပါးပြင်ကို ခပ်ဖွဖွအနမ်းပေးလိုက်ပြီး မေးသည်။ ညီသုတမှာတော့ ကာရန်ရှင်း၏လက်ရဲဇက်ရဲအမူအရာကြောင့် လန့်ဖြန့်သွားလေသည်။

Mr.Silent (Completed)Tahanan ng mga kuwento. Tumuklas ngayon