Part-47

3.2K 287 16
                                    

Unicode Version

ညီသုတဟာ ကာရန်ရှင်းဆီမှပြန်လာပြီးကတည်းက အာရုံပျံ့လွင့်နေသည်မှာ နောက်တစ်နေ့အထိပင်။ အိပ်ရေးပျက်ရသဖြင့် ခေါင်းများလည်းမူးနောက်နေပြီး လန်းဆန်းမှုဆိုသည်မှာလည်း ဗလာနတ္ထိ။ တော်သေးသည်က ယနေ့သည် ရုံးပိတ်ရက်ဖြစ်နေသည်။

သူသည် တစ်နေ့ကကာရန်ရှင်းတင်ထားသောပို့စ်နှင့် ဆေးရုံတွင်ကာရန်ရှင်းပြောလိုက်သောစကားများကို ပြန်လည်ကြားယောင်ကာ အတွေးများထဲ ချာချာလည်ခဲ့ရသည်။ ယခုရက်ပိုင်းတွင် ထင်မထားသည့်အဖြစ်များသာ ဆက်တိုက်လာနေသဖြင့် သူဟာ စိတ်ပိုင်းဆိုင်ရာပြိုလဲလုနီးပါးပင်။

စိုးရိမ်ကြောက်ရွံ့ခြင်းများအကြားက ရုန်းမထွက်နိုင်သေးသောသူ့ကို နောက်ထပ်အရာတစ်ခုက ထပ်ခြောက်လှန့်ပြန်သည်။ ကာရန်ရှင်း၏ဓာတ်ပုံနှင့်အမည်ကို သိသာထင်ရှားစွာဖော်ပြထားသောသတင်းတစ်ခုသည် အားလုံး၏စိတ်ဝင်စားမှုကို သိမ်းကြုံးယူရန်အကြံအစည်နှင့် ထွက်ပေါ်လာလေသည်။

Social Mediaများတွင်မူ "HC Group၏အမွေဆက်ခံသူ ကာရန်ရှင်းနှင့် သူ၏ပြိုင်ဘက်များကြားက အာဏာလုပွဲများနှင့် သွေးဆာရက်စက်မှုများ"ဟုပင် ဒရမ်မာဆန်ဆန်ခေါင်းစဥ်တပ်ကာ သတင်းများကိုပျံ့နှံ့စေလျက်ရှိသည်။ ထိုသတင်းနှင့်အတူတွဲ၍ပါရှိလာသည်မှာ ကာရန်ရှင်းကိုယ်တိုင်ပါဝင်ထားသည့် မီဒီယာအင်တာဗျူးတစ်ခုပင်။

ထိုအင်တာဗျူးတွင် ကာရန်ရှင်းသည် လွန်ခဲ့သောငါးနှစ်ကျော်ကကိစ္စများနှင့် နောက်ကွယ်မှပါဝင်ပတ်သက်သူများကို သက်သေနှင့်တကွဖော်ထုတ်ထားပြီး ထိုလူများ၏အကောက်ကြံမှုမှန်သမျှနှင့် ငွေကြေးအလွဲသုံးစားကိစ္စများကိုလည်း ဖော်ထုတ်လိုက်သည်ဟု ပါရှိသည်။ 

အင်တာဗျူးထဲတွင် ကာရန်ရှင်းသည် ဝှီးချဲပေါ်၌သာထိုင်နေရပြီး သူ့အနောက်မှာ သူ့အဘိုးကဝှီးချဲကိုတွန်းပေးနေသည့်မြင်ကွင်းသည် ညီသုတကို ဝမ်းနည်းလာစေသည်။ အင်တာဗျူးနှင့်ပတ်သက်၍ ညီသုတသည် တရားခံများကို စုံစမ်းစစ်မေးရန် ထိန်းသိမ်းခံရသည်ဟူသောသတင်းကိုလည်း တွေ့သည်။ ဤကိစ္စကြောင့် ကာရန်ရှင်း၏အဒေါ်ဖြစ်သူ အထိနာသွားသည့်ကိစ္စကို သူဂရုမစိုက်။ သူဂရုစိုက်သည်က ဤအကြောင်းအရာသည် ကာရန်ရှင်းအပေါ် မည်မျှသက်ရောက်မှုရှိမည်ကိုပင်။

Mr.Silent (Completed)Tempat cerita menjadi hidup. Temukan sekarang