Part-40

3K 244 11
                                    

Unicode Version

ကာရန်ရှင်းဟာ သူ၏ဖြစ်တည်မှုကို ညီသုတရှေ့ချပြရမည်ကို စိုးရွံ့နေခဲ့သောကြောင့် ထရစ်စတန်အဖြစ်နှင့်ပါ ညီသုတအနားသို့ ကပ်ရန် မျက်နှာပူခဲ့မိသည်။ ထို့ကြောင့် လိုင်းမတက်ဖြစ်သည်မှာလည်း တစ်ပတ်မျှရှိနေပြီ။

သို့သော် အပြင်မှာလည်း ညီသုတအနားသို့ ကပ်ခွင့်မရသည့်အပြင် လိုင်းပေါ်မှာပါ ညီသုတနှင့် စကားမပြောရလျှင် ရူးဖွယ်ရာသာရှိတော့သည်။ ကိုယ်စိတ်နှစ်ဖြာကို ဖြေသိမ့်၍ ထရစ်စတန်ဟူသောဖြစ်တည်မှုနှင့်ပင်ဖြစ်စေ ညီသုတနှင့်နီးစပ်နေရလျှင် ကျေနပ်သည်ဟုသာ နှလုံးသွင်းထားလိုက်သည်။

သို့သော် ထိုအချက်ကို သူ့နှလုံးသားကလက်မခံလို။ တွက်ချက်ဆင်ခြင်တတ်သောစိတ်နှင့် ဖြူစင်ရိုးသားစွာနေထိုင်လိုသောစိတ်တို့က လွန်ဆွဲနေခဲ့ပြီး ညီသုတအား အမှန်တရားကို ထုတ်ပြောသင့်သည်၊မသင့်သည်ဆိုသော အကြောင်းအရာနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲတစ်ခု​ဖြစ်ခဲ့ရသည်။

အချိန်ကား ညရှစ်နာရီ။ ကာရန်ရှင်း လိုင်းတက်လိုက်ချိန်တွင် ညီသုတလည်း ရှိနေလေသည်။ ညီသုတသည် လွန်ခဲ့သောငါးမိနစ်ခန့်ကမှ ပို့စ်တစ်ခုကို တင်ထားပြီး အောက်ရှိ comment များကို တစ်ခုချင်း စာပြန်နေလေသည်။ သူတင်ထားသောပုံမှာ ကန်ရေပြင်၏ အောက်ဘက်တွင် ယောက်ျားတစ်ယောက် မလှုပ်သာမရုန်းသာဖြစ်နေပြီး ရေနက်ပိုင်းထဲသို့ ဖြည်းဖြည်းချင်းနစ်မြုပ်သွားမည့် အရိပ်အယောင်ရှိသော ပုံတစ်ပုံပင်။

ထိုစာနှင့် တွဲလျက်ပါလာသော စာလည်းရှိ၏။

"ခွန်အားရှိသလောက် ရုန်းကန်ခဲ့ပေမယ့် ဘယ်အရာတွေက ငါ့ကိုဒီလောက်အထိ နစ်မွန်းစေခဲ့တာလဲ"

ထိုပုံနှင့်ပတ်သက်ပြီး ညီသုတမှတ်ချက်ပေးထားသည်မှာ "မွန်းကြပ်တယ် " ဟုသာ။

ထိုအရာများကိုမြင်ပြီး ကာရန်ရှင်းမှာ ဘယ်လိုမျက်နှာနှင့် ညီသုတကို ရင်ဆိုင်သင့်သလဲဆိုသည်ကိုပင် မတွေးတတ်တော့ချေ။ သူ့ဘက်ကတွန့်ဆုတ်နေခိုက် ညီသုတက သူ့ကိုသတိထားမိသွားပြီး စာပို့လာသည်။

Mr.Silent (Completed)Dove le storie prendono vita. Scoprilo ora