ချယ်ရီဥယျာ်ဥ်ထဲက မြက်ခင်းပြင် စိမ်းဖန့်ဖန့်ပေါ်မှာ ဖြူလွှလွှပုံရိပ်လေးက အကျအနနေရာယူသည်...
မင်းသားရိပေါ်က စာအုပ်လေးတစ်အုပ်ကို စိတ်ဝင်တစား
ဖတ်နေဟန်...စာအုပ်လေးက နန်းတွင်း စာဆိုတစ်ဦးရေးသားခဲ့တဲ့
"အနှစ်သက်ဆုံးသူ" ဆိုတဲ့ စာအုပ်ကလေး...*ချစ်ခြင်းမေတ္တာလို့ ခေါင်းစဥ်တပ်ရင် အရင်ဆုံးပြေးမြင်မိတာက
သင့် ကို *
_ထိုစာသားလေးကိုဖတ်ပြီးချိန်မှာ ရိပေါ်အတွေးတခုက ဖြတ်ခနဲဝင်လာတယ်..ခနလေးပဲ..တကယ့်ကို ခနလေးပါ
ဒါပေမဲ့ အဲ့ဒီခနတာ အတွေးလေးကို ရိပေါ်က နားရွက်ဖျားလေးတွေရဲပြီး ရှက်ကြောင်းပြတယ်...
'ချစ်ခြင်းမေတ္တာလို့ ဆိုတော့ အရင်မြင်မိတာက ကျန့်ကျန့်ကို'
ဒါက မဖြစ်နိုင်ပါဘူး...မတွေ့တာကြာလို့ ခနတာ သတိရတာပါလို့ပဲ
တွေးမှတ်လိုက်တယ်..."ဟဲ့ စစ်သူကြီးရှောင်းတို့ စစ် နိုင်တယ်လို့ ကြားတယ်"
"ဟုတ်လား.."
_စားစရာ သောက်စရာတွေ လာပို့တဲ့ အပျိုတော်မိန်းကလေး
နှစ်ယောက် ရိပေါ်ကို မမြင်ပဲ နှစ်ယောက်သား စကားတပြောပြောနဲ့ သွားနေကြတာ... သူတို့ပြောတဲ့ စကားမှာ တစုံတဦးရဲ့ အမည်နာမလေးပါတော့ ရိပေါ် ရဲ့မျက်နှာနုနုမှာ အပြုံးရေးရေးလေး
ဖြစ်ထွန်းသွားသည်.. စာအုပ်လေးဆီကိုပဲ တစ်ဖန် အာရုံပြန်ပို့မိတော့...* သင့်ရဲ့ အမည်လေး ကြားရရုံနဲ့တင် ဒီလူက ကြည်နူးရင်ဖိုရပါသည် *
'ဟမ်!! မ...မဟုတ်ဘူး.. စစ်နိုင်တယ် ဆိုတာကြောင့် ဝမ်းသာတာ.'
လို့ မင်းသားရိပေါ်က တစ်ယောက်ထဲ ငြင်းခုံပါသည်....
.
.
အချိန် တွေသာ ကုန်လို့ စာရွက်ရေ တစ်ဝက်ကျိုးသွားတယ်
ဖတ်လိုက်တဲ့ စာကြောင်းတိုင်းက ရိပေါ်အတွက် တူညီတဲ့
တစ်စုံတစ်ယောက်ကိုသာ ရည်ညွှန်းလေတယ်...
စာအုပ်ကလေးကို ပိတ်လို့ ရင်ဘတ်တွင်း ပိုက်ထားလိုက်တယ်.
နှုတ်ခမ်းဖူးဖူးလေးက အပြုံးနုနုကို ဖော်ဆောင်တယ်.
တခဏလေးမှာပဲ မျက်နှာလေးက ပြန်တည်သွားပြန်တယ်.
သူဟာ ကျန့်ကျန့်အပေါ်ကို မေတ္တာသက်ဝင်မိသွားခဲ့ပြီလား
သူတို့က မျိုးတူတဲ့ လူသားနှစ်ဦး.. မဖြစ်သင့်တဲ့ ကိစ္စတရပ်..
ဒါကို ကျန့်ကျန့်သိသွားခဲ့ရင်လဲ ရိပေါ်ကို ရွံမုန်းအုံးမည်ပင်..
အတွေးနဲ့အတူ သက်ပြင်းကို အသာချမိသည်..
YOU ARE READING
ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]
Historical Fiction*ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား... *ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား...