တိုက်ပွဲက ထင်ထားတာထက်ပိုပြီး ပြင်းထန်လာသည်။
မြောက်ပိုင်းရန်သူတွေက သတင်းအတိအကျကြိုသိထားသလိုပုံစံမျိုးနှင့် ရှောင်းကျန့်တို့ရဲ့ ထိုးစစ်တိုင်းကို
ပြန်ခုခံနိုင်နေသည်။ ထန်းလူကြီးမင်းနဲ့ ရွာသားတွေကလဲ တောင်တောင်တွေထဲမှာ စစ်ဒဏ်မှ ပုန်းခိုနေကြသည်။ ညနေခင်းတခုတွင်... ရှောင်းကျန့်က စစ်သူကြီးချင်တို့နှင့် တိုင်ပင်စရာ ရှိတာကြောင့် စစ်သူကြီးချင်ရှိမည့်တဲဆီ လာခဲ့သည်။ထိုအချိန်တွင် တဲထဲမှာ စကားသံတချို့ကို မထင်မှတ်ပဲ ကြားခဲ့ရသည်။"ငါတို့မနက်ဖြန်နေတက်ကို စထွက်လိမ့်မယ်...လူအင်အားက ခုဆို ၇၀၀ လောက်ပဲရှိတော့တာ
မင်းတို့က လူအင်အားပိုထပ်ဖြည့်ခဲ့...ကြားလား"
"ဟုတ်ကဲ့ ခေါင်းဆောင် "
"နေအုံး...ရှောင်းကျန့်ကို သတိထား."
"ဟုတ်ကဲ့ "
"သွားတော့"_ရှောင်းကျန့် လက်သီးကို ခပ်တင်းတင်းဆုတ်လို့ အံကြိတ်မိသည်။ချင်ချိုင်ရဲ့ အကြံ ဒီလောက် ပက်စက်မယ်မှန်း မသိခဲ့။ဒီကိစ္စကိုမြို့တော်ဆီ အမြန်အကြောင်းကြားမှ ဖြစ်မည်။
"ဒီလိုလွယ်လွယ်နဲ့ သွားတော့မလို့လား စစ်သူကြီးရှောင်း"
"တောက်! ''
_ရှောင်းကျန့်ကို ဝန်းရံထားသော မျက်နှာဖုံးစွတ်တွေနဲ့လူတွေ...။
"ခင်ဗျား ယုတ်မာလှချည်လား ချင်ချိုင် "
"အဟက်! ငါလိုချင်တာရဖို့ ယုတ်မာသင့်ရင်လဲ ယုတ်မာရမှာပဲ...ငါသွားခဲ့လမ်းက စူးညှောင့်ခလုတ်တွေကိုလဲ ရှင်းပစ်ရမှာပဲ "
"တောက်! "
_အချိန်ခနအတွင်းမှာ တိုက်ပွဲအသေးစားလေး ဖြစ်ပွားသွားသည်။စစ်သူကြီးရှောင်းရဲ့တိုက်ရည်ခိုက်ရည်ကြောင့် အသာစီးရနေပေမဲ့ လည်ပင်းဘေးဘက်ကို
တိုးဝင်လာတဲ့ မေ့ဆေးအပ်လေးတခုက ရှောင်းကျန့်ကို အမှောင်ကျသွားစေသည်။...............................................
ချယ်ရီပင်ကြီးရဲ့ အရိပ်အောက်မှာ ခိုဝင်ရင်း ပုံရိပ်ငယ်လေးက လွမ်းဆွတ်ဖွယ် ဗျက်စောင်းသံလေးကို တီးခတ်ပုံဖော်နေသည်။နေအနဲငယ်ထွက်လာပြီမို့ ခပ်ပါးပါးသာ ကျတော့သည့် နှင်းမှုန်တွေကြားမှာ ပုံရိပ််လေးက
သိုးမွှေးခြုံထည်အထူကြီးနှင့်။ဗျက်စောင်းတီးခတ်နေတာကြောင့် လက်အိတ်မဝတ်ထားသည့် လက်ချောင်းကလေးတွေက အအေးဒဏ်ကြောင့် နီရဲရဲလေးဖြစ်နေသည်...။
"မင်းသားလေး...အေးလှပါပြီ.. အဆောင်တော်ထဲ ဝင်ပါတော့ "
"ကျန့်ကျန့်တို့ဆို ပိုပြီးအေးနေမှာ... ပြီးတော့ မြောက်ပိုင်းနယ်ဆိုတာကလဲ အမြဲအအေးပိုနေကြနေရာ..
သုံးလတောင်ရှိသွားပြီ...ကျန့်ကျန့်ဘေးကင်းပါစေ''
"
.
.
.
"ဝမ်လေး "
"အယ်..ကျင့်ကိုကို_မလာတာကြာပါရောလား"
"အင်း ကိုယ်အနဲငယ်အလုပ်ရှုပ်နေတာ
ဝမ်လေး နေကောင်းရဲ့လား ..ပိန်သွားတယ်"
"ကောင်းပါတယ်...ကျင့်ကိုကို ဘာကိစ္စရှိလို့လဲဟင်"
"အော်ဟော..ကိုယ်က ဝမ်လေးဆီ ကိစ္စရှိမှ လာရမှာလား"
"အဲ့လိုမဟုတ်ပါဘူး...ကျင့်ကိုကို လက်ဖက်ရည်ကြမ်းသောက်ပါ..ဒါက နန်းတွင်းစားဖိုဆောင်က ပို့ပေးထားတာ.... ခမည်းတော်ပို့ပေးတယ်ထင်တယ် "
_ဝမ်လေးမျက်နှာထက်က အပြုံးလေးက သူ့ဖခမည်းတော် ပို့ပေးတယ်အထင်နှင့် ပီတိဖြာနေတဲ့ အပြုံးလေး....။
"ဝမ်လေး...မင်းကြီးကို မမုန်းဘူးလား"
"ဟင်အင်း "
"စိတ်ရောမနာဘူးလား "
"စိတ်လဲမနာပါဘူးကျင့်ကိုကို... ခမည်းတော်က ခမည်းတော်ပါပဲ...ကျနော်ကို ဘယ်လိုပဲ လျစ်လျူရှုပါစေ..
ဒီလိုနေခွင့်ပေးထားတာနဲ့တင် ကျနော် ကျေနပ်နိုင်ပါတယ်...ခမည်းတော်သာ ကျနော့်ကို တကယ်မုန်းတီးနေရင် နန်းတော်အပြင်ဘက်ကို နှင်လွှတ်တာ ကြာရောပေါ့... ကျနော် ခမည်းတော်ကို ချစ်ပါတယ် "
"ဝမ်လေးရယ် "
.
"ဟက် ဟက် ဟက်... နန်းတွင်းရဲ့ဦးရီးတော်ကြီးက ဒီလို အပယ်ခံမင်းသားဆီမှာ အချိန်ဖြုန်းနေသတဲ့လား"
"အိမ်ရှေ့စံ !"
_ရိပေါ်က အိမ်ရှေ့စံကို ဂါဝရပြုသည်။အိမ်ရှေ့စံလိုလူက ဒီလိုနေရာကို ဘာကြောင့်လာရတာလဲ။ပြီးတော့...ဦးရီးတော်နှင့် ဆုံကြပြီ။ငယ်စဥ်ထဲက တစ်ယောက်နှင့်တစ်ယောက်အမြင်မကြည် ရန်စကားများရတာ အကြိမ်ကြိမ်။
"အရမ်းကိုမာနထောင်လွှားလွန်းတဲ့ အိမ်ရှေ့စံကရော
ဒီလိုနေရာကို ချေခြသတဲ့လား... ဘာအကြောင်းတွေကြောင့်များပါလိမ့်...''
"သူများအကြောင်း အရမ်းစိတ်ဝင်စားတာ ဦးရီးတော်အကျင့်လား"
"မင်းကရော... အရမ်းကို အားယားနေလို့ ငါတို့ကို လာပြီး ပုတ်ခတ်ပြောဆိုတာလား... တကယ်လို့ အလုပ်မရှိဘူး ဆိုရင်... ဦးနောက်ဖွံ့ဖြိုးအောင် စာပေများများဖတ်ပြီး.. အစွမ်းအစရှိအောင် ကြိုးစားနေသင့်တယ် "
"ဘာ! "
"ဦးရီးတောင် တစ်ယောက်အနေနဲ့ တူတော်ကို အကြံပြုတဲ့ သဘောပါပဲ...
ဝမ်လေး ကိုယ်ပြန်တော့မယ်.. နောက်ရက်ခါမှ လာခဲ့အူံးမယ် "
"ဟုတ်ကဲ့ ကျင့်ကိုကို "
"တောက်! လူယုတ်မာ "
_အိမ်ရှေ့စံဟာလဲ ဦးရီးတော်ကို ကျိန်ဆဲရင်း
ရိပေါ်ကိုပါ.-
"ရွံစရာကောင် ''
_အခြံအရံတွေနဲ့ အိမ်ရှေ့စံက ပြန်လှည့်ထွက်သွားတော့မှ ရိပေါ်က အရုပ်ကလေးကို ပျော့ခွေကြသွားသည်။
"မင်းသား...မင်းသားလေး "
"အထိန်းတော်ကြီး.. ကျနော်လွတ်မြောက်ချင်ပြီ...''
YOU ARE READING
ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]
Historical Fiction*ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား... *ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား...