12

1.3K 131 16
                                    

ခပ်ဖြေးဖြေးပွင့်လာတဲ့ မျက်ခွံတွေက လေးလံနေတုံးပင်။ဝိုးတဝါးမြင်နေရဲ့ မြင်ကွင်းတွေကလဲ အမှောင်ထုကြီး ဖြစ်လို့...။လက်နှစ်ကို လက်ပြန်ကြိုးတုတ်လို့
ဒူးထောက်လျက်အနေအထားနှင့် ​ရှောင်းကျန့်ကို ဖမ်းဆီးထားသည်။
"နိုးလာပါပြီလား...စစ်သူကြီးခင်ဗျာ.."
". ....."
"အဟက်!  ဘယ်နှဲ့လဲ စစ်သူကြီးရဲ့... တိုက်ပွဲတိုင်းအောင်နိုင်နေတဲ့ လျင်မြန်လှပါတယ်ဆိုတဲ့ စစ်သူကြီးက
ခုတော့ သေမဲ့လမ်း ခြေတဖက်လှမ်းနေပြီ.."
"သစ္စာဖောက်ခွေးကောင်! ''
_​ရှောင်းကျန့်က ချင်ချိုင်ကို ရွံမုန်းစွာနဲ့ အော်ဟစ်ဆဲဆိုသည်။
"ဟား ဟား ဟား... ငါက သစ္စာဖောက်တဲ့လား
ကဲ..မင်းကြီးရဲ့ အမိန့်လွှာကို ဖတ်ပြလိုက်ပါအုံး"
"မုယွမ်ပြည်၏တတိယစစ်သူကြီး ​ရှောင်းရှောင်ကျန့်သည် မြောက်ပိုင်းသူပုန်များနှင့်ပူးပေါင်းကာ တိုင်းပြည်ပုန်ကန်မှု၊နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်သောကြောင့် ကွပ်မျက်စေ.....   အမိန့်!!''

'' ခင်ဗျား..  ခင်ဗျားလူယုတ်မာ !''
'' ကြားတယ်နော်... "
_ချင်ချိုင်က ​ရှောင်းကျန့်အနားကို တိုးကပ်လာပြီး
နှစ်ကိုယ်ကြား ကြားရုံပြောသည်။
"မင်းအသက်ရှိစဥ်ကတော့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ မင်းက ငါ့အတွက်အနှောင့်အယှက်ဖြစ်နေတာ"
"ကဲ.. စစ်သူကြီးကို အသက်သာဆုံးနည်းနဲ့ နောက်က အသူတရာချောက်ထဲကို ပစ်ချလိုက်! ."
_​ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေဟာ ဒေါသတရားတွေနဲ့ အမုန်းတရားတွေ ရောပြွန်းလာသည်။
"လူယုတ်မာ ချင်ချိုင်... ခင်ဗျားကို ကျုပ်လက်နဲ့ သတ်မယ် "
"နောက်ဘဝမှ ပြန်တွေ့ကြတာပေါ့"

"အားးးး! ''
_အမှောင်ထုကြီးစိုးတဲ့ ညဥ့်သန်းခေါင်ယံချိန်မှာ
ချောက်နက်ထဲ ပြုတ်ကျသွားတဲ့ ယောကျာ်းပျို တစ်ယောက်ရဲ့ အသံဟာ လွင့်ပျံခဲ့တော့သည်.။

.......................................................

"အင်းးးဟင်း .... ကျန့်ကျန့်!!!''
_ချွေးတွေနှင့် မင်းသားရိပေါ်က အိမ်မက်ကလန့်နိုးလာခဲ့သည်။
_အိမ်မက်က ဘယ်လိုကြီးလဲ... ကျန့်ကျန့်က ဟိုးအောက်ဆုံးထိ ပြုတ်ကျသွားသလိုကြီး ...သူလိုက်ဖမ်းဆွဲပေမဲ့လဲ မမိဘူး။
"ကျန့်ကျန့် မကောင်းတာ တခုခုပဲ ဖြစ်နေတာလား "
_စိုးရိမ်ပူပန်စိတ်တွေနဲ့ မင်သားလေးဟာ တစ်ညတာကို ကောင်းကောင်းမဖြတ်ကျော်နိုင်တော့ဘူး။

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now