13

1.3K 125 16
                                    

'' စစ်သူကြီးရှောင်းကျန့် တိုက်ပွဲမှာ ကျဆုံးသွားပြီ ''

'' စစ်သူကြီးရှောင်း ရန်သူတွေဆီမှာ အသတ်ခံလိုက်ရပြီ ''

'' မဟုတ်ပါဘူး... စစ်သူကြီးရှောင်းကျန့်က သစ္စာဖောက်တဲ့... ဒါကြောင့် မင်းကြီးက သေဒဏ်ပေးလိုက်တာ"

'' စစ်သူကြီးရှောင်းရဲ့ ခန္ဓာကိုယ်ကို မတွေ့ဘူး ''

'' စစ်သူကြီးရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ကို အသူတရာချောက်ထဲ ပစ်ချ အပြစ်ပေးလိုက်တာ "

_တစ်ယောက်စကား တစ်ယောက်နား.. ပျံ့လွင့်လာတဲ့ သတင်းစကားတွေကြားမှာ ဒုတိယမင်းသားဝမ်ရိပေါ်ဟာ ပြိုလဲရသည်။ မယုံကြည်ပါဘူးလို့ စိတ်တင်းကာ
ငြင်းနေပါသော်လည်း တိကျသေချာသလို ပြောနေကြတဲ့ နန်းတွင်းသူတွေစကားက ​ပျောက်ပျက်မသွား။
.
အပယ်ခံမင်းသားလေးဝမ်ရိပေါ်ဟာ ပထမဆုံးအကြိမ်အနေနဲ့ မင်းကြီးရဲ့ နန်းဆောင်ဆီ အပြေးအလွှားသွားလို့
တွေ့ခွင့်တောင်းရှာသည်။သူ့ရဲ့ကျန့်ကျန့်လေးက သစ္စာဖောက်မတဲ့လား.။ဒီလောက် ဖခင်ကလဲ တိုင်းချစ်ပြည်ချစ်သူတစ်​ယောက်ပဲဟာ...။ငယ်ငယ်ရွယ်ရွယ်နဲ့
တိုင်းပြည်ကို အသက်စွန့်ပြီး ကာကွယ်ခဲ့တဲ့ စစ်ပွဲဟာလဲ နည်းမှမနည်းတော့ပဲ...ဒီလိုလူက တိုင်းပြည်ကို သစ္စာဖောက်သည်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လေခြင်းပါ။ဒီအကြောင်းကို ရိပေါ်က အသက်နဲ့ရင်းပြီးတောင် ယုံကြည်ပါသည်။
.
မင်းကြီးနဲ့ နန်းဆောင်ရှေ့မှာ အချိန်အတော်ကြာ ဒူးထောက်ထားမှူကြောင့် မင်းသားရိပေါ်ဟာ အားအင်စုတ်လျော့လာလို့ ယိုင်နဲ့လာလေပြီ။အမြဲတမ်း ပြစ်ပယ်ခံရတဲ့ မင်းသားလေးဟာ ဒီတစ်ကြိမ်လဲ ခမည်းတော်ရဲ့ မျက်နှာသာပေး တွေ့ခွင့်ပေးခြင်းကို မစွန့်ကြဲခဲ့ပြန်ပါဘူး။
.
.
.
နောက်တနေ့မနက်....
နောက်တနေ့ကူးလို့ နှင်းမှုန်တွေကြားက ရောင်နီသန်းလာတဲ့ အချိန်မှာတော့ မင်းကြီးရဲ့ အိပ်ဆောင်တံခါးဟာ ပွင့်ဟလာခဲ့သည်။
"ခမည်းတော်.. ကျန့် ~ စစ်သူကြီးရှောင်းကျန့်.. "
"သူက သစ္စာဖောက်ပဲ... ဒါကြောင့် ငါကိုယ်တိုင်
သေဒဏ်ပေးလိုက်တာ "
". .အဟင့်! ..."
"မင်းသိချင်တာ ဒါမလား... ပြန်တော့! ''
'' ဟင့်အင်း..ဟင့်အင်း.. မဖြစ်နိုင်ဘူး... ကျန့်ကျန့်က .အဲ့လို...မဟုတ်ဘူး "
" * sob ''
_မင်းကြီးရဲ့ နန်းဆောင်ထဲမှာ မင်းသားရိပေါ်ရဲ့ ရှိုက်ငိုသံတွေ လွင့်ပျံလာသည်.။
"ခ... ခမည်းတော်...  ကျန့်ကျန့်ရဲ့ ကိုယ် ကိုရှာပေးပါ
ကျွန်တော်မျိုး ... ကျွန်တော်မျိုး ပထမဆုံးနဲ့ နောက်ဆုံး တောင်းဆိုတာပါ.... "

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now