1

4.2K 303 20
                                    


မုယွမ်နန်းတော်ဝင်းကြီးရဲ့ တနေရာ
ဆယ့်နှစ်ရာရီ ပွင့်သော ချယ်ရီဖြူတို့ မြိုင်ဆိုင်နေသော
တိတ်ဆိတ်လွန်းတဲ့ နန်းဆောင်ကြီး တဆောင်....
အင်း..သေချာနားထောင်ကြည့်ရင်တော့
ခိုးခိုးခစ်ခစ် ရီသံလွင်လွင်လေးကို ကြားရမှာပါ....

ယုန်ဖြူလေးတွေနဲ့ ပွတ်သပ်ကစားနေတဲ့ မင်းသားလေးတစ်ပါး
သူက ဒုတိယအိမ်ရှေ့စံ ဝမ်ရိပေါ်...
တနည်းက အပယ်ခံမင်းသား...
.
ဒုတိယအိမ်ရှေ့စံဆိုတာကလည်း ဂုဏ်ပုဒ်တခုသပ်သပ်ပဲ
သူ့မှာ ဘာအာဏာ ဘာလုပ်ပိုင်ခွင့်မှ ရှိမနေတဲ့ မင်းသားတပါး...
ဝမ်ရိပေါ်ဆိုတာ ဝမ်ဟူမင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ရဲ့
ပထမဦးဆုံးသော သားတော်... မင်းကြီးက မိဖုရားခေါင်ကြီးကို
စိတ်လေးနဲ့တောင် မနှစ်မျို့ခဲ့တဲ့သူတဦး...
နန်းရေးအစဉ်အလာတွေကြောင့်သာ နန်းသွေးကိုမွေးဖွားခဲ့ရသည်..
သားတေယ်လေး ဝမ်ရိပေါ် အသက် ၄နှစ်ပြည့်တဲ့ အချိန်မှာ
မိဖုရားကြီးကို ချစ်ခင်နှစ်သက်မှု အလျဉ်းမရှိတဲ့ မင်းကြီးက
မိဖုရားကြီးသည် မှော်နက်လမ်းစဉ်ကို ကျင့်ကြံနေသည်
ဟူသော ဘေးစကားများကြောင့် မိဖုရားကြီးကို
ကွပ်မျက်ခဲ့ပေသည်. မိဖုရားကြီး မကွပ်မျက်ခံရရင် တောင်းဆိုခဲ့သော တခုတည်းသော အရာက
သားတော်လေးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးဖို့....

မိဖုရားကြီးရဲ့ နောက်ဆုံးတောင်းဆိုမှူကြောင့်
မင်းသားဝမ်ရိပေါ်ကို ချယ်ရီနန်းဆောင်၌နေစေ၍
ဒုတိယအိမ်ရှေ့စံဘွဲ ပေးအပ်ခဲ့ခြင်းဖြစ်သည်.

မိဖုရားကြီး ဆုံးသော် မင်းကြီး၏ နှစ်သက်ရသော
ဒုတိယမိဖုရားကို မိဖုရားခေါင်ရာထူး ချီးမြှင့်ခဲ့သည်...
မိဖုရားကမွေးဖွားလာသော သားတော်ငယ် ဝမ်မင်ချောင်ကို
အိမ်ရှေ့စံအဖြစ် မြှောက်စားခဲ့လေသည်......

.........................................
ချယ်ရီနန်းဆောင်ဝန်းထဲက အကြ်ီးဆုံးချယ်ရီဖြူပင်ကြီး၏
အောက်တွင် မင်းသားရိပေါ်တယောက် သူရဲ့ သူငယ်ချင်းလေးတွေဖြစ်တဲ့
ရွှီးရွှီး ရှင်းရှင်းတို့နဲ့ ကစားနေသည်မှာ ရီသံလေးတွေတောင်ထွက်လို့

ရိပေါ် ယုန်လေးတွေနဲ့ ကစားနေတုံး
အနောက်က ခြေသံကြားရတာကြောင့်
"အထိန်းတော်ကြီး... ကျနော် ဝယ်ခိုင်းထားတာလေးတွေ
ဝယ်ပြီးပြီပေါ့"
"ဟီး ခနနေလို့ ကိုယ်တော်​ရေချိုးပြီးရင်လေ
အဲ့ရောင်စုံ စက္ကူလေးတွေနဲ့ အရုပ်ကလေးတွေ
ခေါက်မယ် ပြီးရင် အပြင်ခိုးထွက်ပြီး
ကလေးလေးတွေကို လျှောက်ပေးမယ် ဟီးဟီး"
"နော်! အထိန်းတော်ကြီး ...ဟင်!"
"မောင်မင်းက ဘယ်သူတုံး...ဘာ..ဘာလို့ အဆောင်ဝန်းထဲ
ဝင်လာတာလဲ"
"......"
"ဘာ..ဘာလို့ ကြည့်နေတာလဲ!"

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now