5

1.8K 180 19
                                    


မင်းကြီး နန်းဆောင်တွင်....

သလွန်​​​ေတာ်ကိုကျော်မှီရင်း ဝမ်ဟူမင်းကြီး အတွေးတို့ကို
အတိတ်ကို ပြန်ပို့မိသည်...
ဒုတိယအိမ်ရှေ့စံ ဝမ်ရိပေါ်ရဲ့ မယ်တော် သူ့ရဲ့ အရင်မိဖုရားခေါင်ကြီး 'ရိနန်´ ဟာ မုယွမ်ပြည်မြောက်ပိုင်းမှာ
နေထိုင်ခဲ့တဲ့ ကျေးတောသူတစ်ဦး... နတ္ခတ်တာရာတွေအရ
မြောက်ပိုင်းသူတစ်ဦးကို လက်ထပ်ထိမ်းမြားရမည်ဆိုသောကြောင့်
အချောအလှ ရိနန် ကိုသာ မိဖုရားမြှောက်ခဲ့သည်. ချစ်ခင်စုံမက်ခြင်း အလျဥ်းမရှိတာက လွဲလျှင်ပေါ့...
နောက်ပိုင်းမှ သိလာရတာက ရိနန်တို့မျိုးဆက်ဟာ
တိမ်ကောသွားတဲ့ ​မှော်နက်လမ်းစဥ်ရဲ့ နောက်ဆုံးမျိုးဆက်တခု
သားတော် ဝမ်ရိပေါ်ကို ဖွားမြင်ပြီးနောက်မှာ ရိနန်ဟာ
ထူးဆန်းလာသည်... အထိန်းတော်တွေရဲ့ပြောကြားချက်အရ
မိဖုရားဟာ ညဘက်ဆို ညဥ့်နက်ထိ မအိပ်ပဲ အစီအရင်တချို့ကို
ပြုလုပ်သည်ဟုလည်းကောင်း... တခါတခါ သားတော်လေးကို
မျက်တောင်မခတ် ကြည့်နေတတ်သည် ဟုလည်းကောင်း..
အမျိုးမျိုးအဖုံဖုံပြောကြပြီး... မိဖုရားမှာ ​မှော်နက်ကိုကျင့်ကြံနေသည်ဟု ရိုးစွတ်ပြီး ကွပ်မျက်ခဲ့ခြင်းဖြစ်သည်....

ယခုမြောက်ပိုင်းမှာ ပုန်ကုန်ထကြွမှုတချို့ရှိနေသည်...
အားနည်းတဲ့ ရွာသူရွာသားတွေကို အနိုင်ကျင့် စားနပ်ရိက္ခာတွေ
လုယူသည်... လယ်ယာမြေတွေကို ဖျက်စီးသည်....
မြောက်ပိုင်းကို ဆွေမျိုးမကင်သူတွေမို့ လွှတ်ထားပေးခဲ့သည်.
ယခုအခါမှာတေ့ာ ဘုရင့်ဘဏ္ဋာတော်ကိုပါ လုယက်သည့်
အဆင့်ထိဖြစ်လာသည့် အခါမှာတော့ လွှတ်ထားပေးလို့မဖြစ်တော့ချေ....

..........................................................

​ရှောင်းကျန့် စစ်ပွဲအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်နေရသည်
လေ့ကျင့်ရေးကွင်းမှာ စစ်သားတွေကို မှာကြားစရာရှိတာ မှာကြားရသည်...လက်နက်ကိရိယာတွေကို စစ်ဆေးရသည်...
ဒါနဲ့တင် အချိန်က သုံးရက်ကုန်နေခဲ့ပြီ... နောက်နှစ်ရက်နေရင်
အိမ်ရှေ့စံနဲ့ အတူ စစ်မြေပြင်ကိုသွားရတော့မည်...
ဒါကြောင့်မို့ မသိမသာ တွယ်ညိနေတဲ့ သံယောစဥ်ကြိုးလေးဆီသို့
သွားရန်စိတ်လောနေမိသည်...ဒါဟာ ဘာကြောင့်လဲဆိုတာတော့
​ရှောင်းကျန့် မစဥ်းစားဖြစ်တာတော့ အမှန်ပါ.....

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now