16

1.8K 126 4
                                    

'' ကျန့်ကျန့်!! မလုပ်နဲ့!''
''​ရှောင်းကျန့်!!!"
_ထိုင်ခုံပေါ်မှာ ထိုင်နေသည့် မင်း​ကြီး၏လည်တိုင်ပေါ်
ဓားတင်ထားသည့် ရှောင်းကျန့်ရဲ့လက်တွေက ရပ်တန့်သွားသည်။
*ဒီအသံ! ဒီအသံဟာ သူမမေ့နိုင်သည့် သူတစ်ဦး၏အသံဖြစ်သည်။

''ရှောင်းကျန့်!  မလုပ်ပါနဲ့! ''
_အနားကိုအပြေးရောက်လာပြီး ရှောင်းကျန့်လက်ထဲမှဓားကို ဆွဲယူလွှင့်ပစ်လိုက်သည့် မင်းသားရိပေါ်...။
''မင်းသား! ''
_ဆံနွယ်ထုံးလေးထက်က အရောင်အနည်းငယ်ဖျော့စပြုနေတဲ့ ဆံထိုးလေးရယ်....ဝမ်းနည်းကြောက်ရွံမှုတွေနဲ့ ငွေ့ရည်ဖွဲ့နေတဲ့မျက်ဝန်းလေးတွေရယ်....
သိပ်ကိုလွမ်းဆွတ်နေရတာပါလား...
နီရဲနေတဲ့ မျက်နှာနုနုဆီကို လက်လှမ်းမိတော့ ​ရှောင်ခွာလို့ လက်ကို ပုတ်ထုတ်လာတဲ့ ရိပေါ်။

''မင်းသား!''
_ရှောင်းကျန့်မျက်နှာထက်မှာ မယုံကြည်နိုင်မှုတွေ ဖုန်းလွှမ်းသွားသည်။
"မထိနဲ့! ''
''ဘာ! ''
''လူသတ်သမား! *sob* လူသတ်ထားတဲ့ လက်နဲ့
ငါ့ကို မထိနဲ့''
''အဟက်! ဟားဟားဟားဟား!
လူသတ်သမား ဟုတ်လား! အဲ့လိုလူသတ်သမားဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ...ငါကရော?
ငါကရော ဒိီလို မိစ္ဆာလူသတ်သမား ဖြစ်ချင်တယ် ထင်နေလားး!!!''
''ဝုန်း! ''
_ချစ်ရသူက မိမိကို လူသတ်သမားတစ်ယောက်လို မုန်းတီးစွာ ပြောလာတာကြောင့် ဒေါသထွက်စွာ ပြန်အော်မိပြီး လက်တစ်ဖက်ကိုဝေ့ယမ်းလို့ အတွင်းအားတချို့နဲ့ ရိပေါ်ကို ပစ်လိုက်မိတာကြောင့် ရိပေါ်ရဲ့
ခန္ဓာကိုယ်က အဝေးကို လွင့်ထွက်သွားသည်။
''အာ့! ''

_ရှောင်းကျန့်ရဲ့ ဒေါသတွေက ​ရှေ့မှာရှိနေတဲ့ မင်းကြီးဆီ ပြန်ရောက်သွားပြီး ဓားကို အစွမ်းနဲ့လှမ်းယူကာ
သတ်ဖို့ ရွယ်လေသည်။

''မသတ်ပါနဲ့!  ခမည်းတော်ကို မသတ်ပါနဲ့ !''
''အဟင့် *sob ''
''အဲ့အစား ~အဲ့အစား... ကိုယ်တော် သေပေးပါ့မယ် ''
''ဘာ! ''
''ဝမ်ရိပေါ်! ''
_မင်းကြီးဆီကပါ 'ဘာ 'ဆိုတဲ့ အာမေဋိတ်သံ ထွက်လာသည်။
''မလိုဘူး! ငါ့ကိုသတ်လိုက် ရှောင်းကျန့်"
_ခမည်းတော်ဟာ ဝမ်ရိပေါ်ကို ဘယ်လောက်တောင်မှ မသတီလိုက်လေသလဲ။ငယ်စဥ်ထဲက သားတော်တစ်ယောက်လို့တောင် အသိအမှတ်မပြုတဲ့အပြင်
အရွယ်ရောက်တဲ့အချိန်မှာလဲ တတ်သင့်တတ်ထိုက်တဲ့
ပညာရပ်တွေကို မသင်ပေး မျက်စိပိတ်နားပိတ်သာ နေစေခဲ့သည့် ခမည်းတော်။ခု နောက်ဆုံးချိန်ထိ အသက်ချင်း လဲလှယ်ပေးပါမည် ဆိုတာတောင် လက်မခံသည့် ဖခင်ဟာ သိပ်ကိုခေါင်းမာလှသည်။
"ခမည်းတော် !''
"ဝမ်ရိပေါ်!  မင်းရူးနေလား... ဟမ်!
မင်းသေပေးရလောက်အောင်ထိ မင်းအဖေက တန်နေလား ''
_​ရှောင်းကျန့်က မျက်ဝန်းတွေနီရဲသည်အထိ ဒေါသထွက်နေပုံရသည်။
''ခဖည်းတော်ကိုတော့ မသတ်ပါနဲ့! တောင်းပန်ပါတယ်!''
''နောင်ဘဝများ ရှိရင် ခဖည်းတော်လို ဖခင်မျိုးနဲ့
မဆုံရပါစေနဲ့ ''

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now