17 (final)

2.9K 144 4
                                    

ချယ်ရီပွင့်တွေ ဝေနေတဲ့ ချယ်ရီပင်ကြီးရဲ့အောက်မှာ
လူနှစ်ဦးရှိနေသည်။ဘေးပတ်ပတ်လည်တွင်လဲ ကြွေခဲ့ပြီးတဲ့ ချယ်ရီပွင့်ဖြူလေးတွေ ပျံ့ကျဲနေသည်။အဖြူရောင်ဝတ်ရုံလေးဝတ်ဆင်ထားတဲ့ တစ်စုံတစ်ဦးကို အနက်ရောင်အတိလွှမ်းနေတဲ့လူတစ်ဦးက ရင်ခွင်ထဲ
နင့်နင့်နဲနဲ ထွေးပွေ့ထားသည်။အဖြူရောင်လေးရဲ့
ဝဲဘက်ရင်ဘက်တွင်တော့ ပန်းရင့်ရောင် ချယ်ရီပန်းလေးတွေ ယိုဖိတ်ကျနေသယောင်....။
သိပ်ကိုကြေကွဲဖွယ်ကောင်းလွန်းတဲ့ပန်းချီကားတစ်ချပ်။
.
.
.
ကိုယ်တိုင်ရေးဆွဲထားတဲ့ ထိုပန်းချီကားချပ်လေးကို
အသာအယာထိတွေ့လို့ ဦးရီးတော် လျှိုဖုန်းကျင့်က မျက်ရည်တွေ ကျရသည်။ထိုနေ့ကမြင်ကွင်းကို
ဘယ်လိုနည်းနဲ့မှ မျက်လုံးထဲက မဖျောက်ပျက်နိုင်။
ထိုရင်နင့်ဖွယ် မြင်ကွင်းကို တော်ဝင်ပန်းချီကားတစ်ချပ်အဖြစ် မှတ်တမ်းတင်ထားဖြစ်သည်။
''ဝမ်လေး... သိပ်သနားဖို့ကောင်းတဲ့ ကိုယ်ရဲ့ဝမ်လေး "
''နောင်ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံရဖို့ ကိုယ်ဆုတောင်းပေးပါတယ်.... ကလေးငယ် ''

''မင်းကြီး.. ညီလာခံသွားဖို့ အချိန်ရောက်ပါပြီ "
''ကောင်းပြီ..''
_စစ်သူကြီးရှောင်းကျန့်ဟာ မိစ္ဆာတစ်ကောင်အဖြစ်နဲ့
နန်းတွင်းကို လာရောက်လက်စားချေတဲ့ ကိစ္စမှာ
ဝမ်ဟူမင်းကြီးအပါအဝင် သားတော်နှစ်ယောက်ရော
လူအများအပြားပါသေဆုံးခဲ့ရသည်။ထိုကိစ္စဖြစ်သည့် ရက်မှာပင် ရှောင်းကျန့်ဟာ မင်းသားဝမ်ရိပေါ်၏ရုပ်အလောင်းနှင့်အတူ အစအနပျောက်သွားသည်။
နောက်ပိုင်းလစ်လပ်သွားသည့် မင်းကြီးနေရာကို
ဦးရီးတော် လျှိုဖုန်းကျင့်က ဆက်ခံခဲ့သည်။

ဒီလိုနှင့် မုယွမ်ပြည်ဟာ...မင်းကြီးလျှိုဖုန်းကျင့် လက်ထပ်တွင် အသစ်တဖန်ပြန်လည်စတင်ခဲ့သည်။

.......................................................

''အရှင်!''
_မြေကြီးပေါ်တွင် တခုခုကို စိုက်ပျိုးနေဟန်ရတဲ့
ရှောင်းကျန့်အရှင်ကို ဝမ်နင်း အသံပြုလိုက်သည်။
ဝမ်နင်းဆိုတာ ယုန်ငယ်လေးတစ်ကောင်ကို ​ရှောင်းကျန့်က အသွင်ပြောင်း အသက်သွင်းပေးထားတဲ့ သူ့ရဲ့သစ္စာခံ မိစ္ဆာငယ်လေးဖြစ်သည်။
''ဝမ်နင်း...''
_ရှောင်းကျန့်ရဲ့ အသံဟာ စွမ်းအင်မဲ့နေသလိုတိုသဖျော့လွန်းလှသည်။
''ဟုတ်ကဲ့ အရှင် ''
''ငါ.... ဒီနေရာမှာ..ငါရဲ့ဝမ်ကို မြှပ်နှံထားတဲ့ ဒီနေရာမှာ
ချယ်ရီဖြူပင်လေး စိုက်ခဲ့မယ်....မင်းသေချာဂရုစိုက်ပေး ''
''ဟုတ်ကဲ့ အရှင် ''
''ပြီးတော့ ~''
''.....''
''ငါ့ကို ဝမ် ပြန်လာတဲ့အခါမှ လာနှိုးလှည့် ''
''ဘယ် ~ဘယ်လို ~''
''ဒီချယ်ရီဖြူတွေ ပထမဆုံးစပွင့်တဲ့အချိန်မှာ ဝမ် ပြန်လာလိမ့်မယ် ''
_ထိုစကားသာ ပြောပြီး ရှောင်းကျန့်ဟာ အဆောင်တော်ထဲ ဝင်သွားသည်။ကျန်ခဲ့သည့်ဝမ်နင်းမှာတော့
အရှင့်ရဲ့ စကားတွေကို အဓိပ္ပါယ်ဖော်စဥ်းစားကာ
ချယ်ရီပင်ပေါက်လေးကို ကြည့်ရင်း ကျန်နေခဲ့သည်။

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now