ဦးရီးတော်က ဝမ်လေးနဲ့ ပန်းချီဆွဲပြိုင်ပြီး
ပြန်လာတဲ့လမ်းမှာ အပြုံးလွင်လွင်တို့
ဝေနေတယ်။ တစ်နေရာအရောက်မှာတော့ -"ဘယ်လိုလဲ စစ်သူကြီးချင်! ခင်ဗျားရဲ့
ပုန်ကန်ရေးကြီး ကျရှုံးနေပြီလား"
"အခုမှ အစပဲရှိပါသေးတယ် ဦးရီးတော် "
"အဟက်! "
"ကျနော်မျိုးကို ဦးရီးတော်က ကူညီမယ်ဆိုရင်တော့ ကျနော် အတိုင်းမသိ ဝမ်းသာရပါပြီ"
"ဟက်! ငါကိုယ်တော်တို့က လမ်းမတူဘူး"
"ယခုမင်းကြီးကို ဖြုတ်ချချင်တာချင်းက
တူတူပဲမလား ဦးရီးတော် "
"စစ်သူကြီးနဲ့ ငါကိုယ်တော်နဲ့က ရည်ရွယ်ချက်ချင်း တူပေမဲ့ လျောက်တဲ့လမ်းချင်း မတူဘူး... ခင်ဗျားက အလိုလောဘသိပ်များလွန်းတယ် စစ်သူကြီး"
_ကျောက်စိမ်းရောင်ယပ်တောင်ကို တဖျက်ဖျက်ခပ်ရင်း အေးအေးလူလူထွက်သွားတဲ့ ဦးရီးတော်ကို ကျောပေးရင်း အံကြိတ်ထားရတဲ့သူကတော့ စစ်သူကြီးချင်............................................
မြောက်ပိုင်းကို စစ်ချီသွားသော တပ်ဖွဲ့ အောင်နိုင်စွာ ပြန်လာပြီဆိုသော သတင်းစကားကြောင့်.. ဒုတိယမင်းသားရိပေါ်မှာ နန်းတော်အဝင်ဝ ကြိုဆိုသူတွေနဲ့ အနဲငယ် အလှမ်းဝေးတဲ့ နေရာလေးမှာ လမ်းကို မျှော်ကြည့်နေရှာသည်။ သစ်ပင်ကြီးများနဲ့ကွယ်နေတာမို့ သူ့ကို အလွယ်တကူမမြင်နိုင်။ သူ့ကိုမမြင်ရတာ ကိစ္စမရှိပေ... တစ်ဦးတည်းသောသူ ဘေးကင်းရဲ့လား အတည်ပြုချင်ရုံလေးတင်။
မနီးမဝေးမှ ပြန်လာချီတက်လာသော စစ်ကြောင်းကို မြင်လိုက်ရချိန် ရိပေါ်ရဲ့
မျက်လုံးလေးတွေက တဖျက်ဖျက်တောက်ပလို့ ။ အိမ်ရှေ့စံလိုက်ပါလာသော
ဝေါယာဥ့ရှေ့မှ မြင်းနက်ကြီးကို စီးပြီး
ခန့်ညားစွာ လိုက်ပါလာတာက သူရဲ့
ကျန့်ကျန့်လေး... တကယ်ကို စစ်သူကြီးဂုဏ်နဲ့ ထိုက်တန်လွန်းတဲ့ ဒီလူသားပါပေ။
.
ရိပေါ်ကွယ်ကြည့်နေတဲ့ နေရာကို ကျော်လွန်သွားတာတောင်မှ ကျန့်ကျန့်ဆီက အကြည့်တွေကို မခွာနိုင်သေးဘူး ။ တကယ်ကိုငေးမဝပါပေ။ ရုတ်တရက် သူရှိတဲ့ဘက်ကို
လှည့်ကြည့်လာတဲ့ စစ်သူကြီးကျန့်ကျန့်လေးကြောင့် ရိပေါ်ရဲ့ နှလုံးသားလေးဟာ တဒုတ်ဒုတ်ခုန်လွန်းလို့ သစ်ပင်နောက်အမြန်ကွယ်ပုန်းလိုက်ရတယ်။ ရှောင်းကျန့်နဲ့ ပတ်သက်ရင် ဖြစ်ပေါ်လာတဲ့ ရိပေါ်ရဲ့
နှလုံးသားတုန်လှုပ်သံတွေကို မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့လဲ... ရအောင်ထိန်းချုပ်မှ ဖြစ်မယ် ။ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စကြီးမလား...
YOU ARE READING
ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]
Historical Fiction*ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား... *ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား...