3

2.4K 217 8
                                    

ချယ်ရီဖြူ ၃

​ရှောင်းကျန့်ရဲ့ ဘဝက ထင်သလောက် ပျော်မွေ့စရာ
မကောင်းဘူး....အမိန့်တွေကြားမှာ ရှင်သန်နေရတာကို
သူတကယ်ညီးငွေ့တယ် ....သူတပါးရဲ့ ဆန္ဒတွေကြောင့်
သူဆိုတာ ဖြစ်တည်နေသလိုမျိူး......

သမားတော်....သူတကယ်ဖြစ်ချင်ခဲ့တဲ့ သူရဲ့ဆန္ဒ....
မကျန်းမာတဲ့ သူတွေက်ို သူဆေးကုပေးရတာကို
ပျော်မွေ့တယ်.....သူရဲ့ ချစ်ခင်ရသူနဲ့သာ ဘဝကို
အေးအေးချမ်းချမ်း ဖြတ်သန်းချင်ရုံလေး....
ဒါပေမဲ့ ဖခင်ရဲ့ ဆန္ဒကြောင့်
တကယ်ဖြစ်နေတာက  စစ်သူကြီး....တိုက်ပွဲတွေကြားမှာ
ရှင်သန်နေရတဲ့ ဘဝ....စစ်ပွဲတွေကြားမှာ....အဆောင်အယောင်
အပြိုင်အဆိုင်တွေကြားမှာ...အသက်ကို လောင်းကြေးထပ်ထားရတဲ့ ဘဝ......

အခုလဲ ​ရှောင်းစစ်သူကြီးရဲ့ ဇနီးလောင်း....
ပထမစစ်သူကြီး ချင်ချိုင်ရဲ့ လှုံ့ဆော်မှုကြောင့်
ဘုရင်က လက်ဆက်ရန်အမိန်ချခဲ့တဲ့ မိန်းခလေး ချင်းအာ......
ချင်းအာကို သူမချစ်ပေမဲ့ ငယ်စဥ်ကတည်းက သံယောစဥ်ကြောင့်
သူကိုပဲ လက်ထပ်မှာ မလွဲ......သူ့မှာ အချစ်ဆိုတာကိုမှ
မခံစားဖူးသေးတာကို....

"ဟယ် ​ရှောင်း ချင်းအာဆီလာတာပေါ့...မလာစဖူး"
"အင်း ကိုယ်ဒီဘက်ကို လမ်းကြုံလို့ နင်ဆီ ဝင်လာခဲ့တာ"
"...လာထိုင်ပါအုံး"

"ဟို....​ရှောင်း  ချင်းအားတို့ လက်ထပ်ပွဲ.."
"ချင်းအာ....ကိုယ် မင်းကြီးရှေ့မှာ ပြောခဲ့သလိုပဲ
အချိန်ယူချင်သေးတယ်....မိန်းခလေး တစ်ယောက်ကို
လက်ထပ်ထိမ်းမြားဖို့အတွက် ကိုယ် ပြင်ဆင်သေးတယ်
ကိုယ့်ကို နားလည်ပေးပါ"
"အင်းပါ.... ချင်းအာ နားလည်ပါတယ်
အကိုကြီးက မေးနေလို့ပါ"
"ကိုယ် စစ်သူကြီးချင်ကိုတွေ့ရင် ပြောလိုက်ပါ့မယ်
ချင်းအာလဲ အရမ်းကြီး ကုိယ့်ကိုကိုယ်ဖိအားမပေးထားပါနဲ့"
"အင်းပါ..​ရှောင်းရဲ့"
.
.
.
.
.
.
.
.

.................................................
မင်းသားရိပေါ် ဒီနေ့
ရိုးရာ မုန့်လုံးလေးတွေ လုပ်စားဖို့
ပြင်ဆင်နေသည်....တယောက်​​​ေသာ​သူလာခဲ့ရင်များ
ကျွေးဖ်ို့ကိုလဲ ရည်ရွယ်ထားဟန်.....

လိုအပ်တဲ့ ပစ္စည်းတွေကို စီစစ်နေရင်း
မုန့်ထဲ ထည့်ရမည့် အရောင်လေးတွေကို ကျန်နေသည်ကို
တွေ့လိုက်ရသည်....အခုမှ သွားဝယ်မို့ ဆိုတာလဲ
မဖြစ်နိုင်တော့တာကြောင့် နန်းဆောင် စားဖိုဆောင်မှာ
သွားတောင်းရန်သာ ဆုံးဖြတ်ခဲ့ရသည်....

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now