"မင်း ဘယ်သူလဲ လို့ ကိုယ်တော်မေးနေတယ်လေ"
"အာ...တကယ်ပါပဲ ခဗျားက တကယ်ပဲ ဦးနောက်မကောင်းတာလား.. ကျွတ်စ် ထားပါ
ဒီနန်းဆောင်က တားမြစ်နန်းဆောင်လို့ သိရတယ်
ခဗျားက ဒီထဲ ဘာဝင်လုပ်နေရတာလဲ အပြစ်ပေးခံရမယ်လေ"
_စစ်သူကြီးရှောင်းမှာ စကားတွေပြောနေပါသော်လဲ
ကြောင်ရက် ကြည့်နေတဲ့ အနှီလူသားကြောင့်
လည်ချောင်းထဲ ဆို့နင့်နင့်တောင် ဖြစ်သွားရသည်..."အဟမ်း!"
.
"ကျန့်ကျန့်! "
"အာ....ရှီး!"
"ကျန့်ကျန့်မလား....ဟယ်..ကိုယ်တော်ရဲ့ ကျန့်ကျန့်လေး"
_အကြောင်သားငေးနေရင်းမှ အခုမှ မှတ်မိသွားဟန်နှင့်
ပျော်ရွှင်စွာ ပြောဆိုလာသည့် ထိုသူပါပေ...
ရုတ်တရက် ရှောင်ကျန့် လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ရင်း
"အာဂူး...ကိုယ်တော်ရဲ့ ကျန့်ကျန့်လေးက ထွားလာလိုက်တာ ကွာ!"
_အမှန်က ကိုယ်က ထွားလာတာ မဟုတ် သူက ကြီးမလာခြင်း ဖြစ်ကြောင်းကို ရှောင်ကျန့် မျက်ဖြူသာ
လှန့်ပြလိုက်သည်......
.
.
.
.
_ထို ပုဂ္ဂိုလ်အသေးစားရဲ့ ဆွဲခေါ်မှုကြောင့် ချယ်ရီပင်အောက်မှာ သူနဲ့အတူထိုင်နေရသည်..."ကျန့်ကျန့် ကိုယ်တော့်ကို မှတ်မိလား... ဝမ်ကိုကိုလေ.."
_မျက်လုံးကို ပေကလပ် ပေကလပ် လုပ်ပြီး ပြုံးပြနေတဲ့လူက ရှောင်ကျန့်ကို တကယ်စိတ်ကုန်စေပါတယ်
"အာ ကျန့်ကျန့်က မမှတ်မိဘူးလား...အေးပေါ့
အဲ့တုံးက ကျန့်ကျန့်က ငယ်သေးတယ်လေ...
ကိုယ်တော်ကတော့ ကျန့်ကျန့်ကို ကလေးတွေ ကစားတဲ့."
"အာ.. မှတ်မိတယ် မှတ်မိတယ်ဗျာ!"
ရှောင်းကျန့် စိတ်မရှည်စွာ အသံကျယ်ကျယ်ပြောလိုက်မိသည်
"ဟီး တကယ်လား ကျန့်ကျန့်လေးက ဥာဏ်ကောင်း"
"ခဗျား ဒီနေ့ စကားပြောလို့ မပြီးတော့ဘူးမလား.
ကျနော် ပြန်တော့မယ် "
".အမ် နေပါအုံး ကျန့်ကျန့်ကလဲ ဝမ်ကိုကိုက မုန်ကျွေး""ဝမ်ငယ်လေး!"
.
.
.
"ဟင် ကျင့်ကိုကို "(ဒီလို နာမ်စားလေးကို ကြားဖူးကြတယ်မလား)"ဦးရီးတော်ကို ဂါဝရပြုပါတယ်"
"အင်း ......ဝမ်လေး ဘာလို့ သူစိမ်းနဲ့ စကားပြောနေတာလဲ"
"အာ ဘာမှမဖြစ်ပါဘူး ကျင့်ကိုကိုရဲ့ သူကလေးလေး အရွယ်ထဲက သိတာ နော် ကျန့်ကျန့်"
"မဟုတ်ပါဘူး!"
"ဒီက စစ်သူကြီးရှောင်း စကားကို ဆင်ခြင်ပေးပါ "
"ဘာလို့လဲ ဦးရိးတော်ခဗျ"
"ဒါက ဒုတိယ အိမ်ရှေ့စံ ဝမ်ရိပေါ်ပါ"
-ဟမ်!!
"မင်းသားအပေါ် အမှားပြုမိပါတယ်"
"အာ..ရတယ် ရတယ် ကျန့်ကျန့်"
"ဝမ်လေး ကိုယ်နဲ့ လမ်းလျှောက်ရအောင် ကိုယ်ဒီနေ့ ပင်ပန်းနေလို့"
"ဟုတ် ကျင့်ကိုကို. ကျန့်ကျန့် နောက်နေ့လဲ လာလည်ပါလား
ကိုယ်တော်နဲ့ စကားပြောမယ်လေ"
"ဝမ်လေး ဒီနန်းဆောင်က တားမြစ်ထားတဲ့နေရာလေ
အဲ့လို ဝင်ချင်တိုင်းဝင် ထွက်ချင်းတိုင်းထွက်လို့မရဘူး"
_ရုတ်တရက်မျက်နှာ ညှိုးကျသွားတဲ့ မင်းသား
YOU ARE READING
ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]
Historical Fiction*ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား... *ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား...