'' ငြိမ်ငြိမ်လေးနေ ''
_အဆောင်နားက မြှားပစ်ကျင့်တဲ့ ကွင်းငယ်လေးထဲမှာ
မင်းသာရိပေါ်က စစ်သူကြီးရှောင်းကို စောင့်နေတုံး
ဆံနွယ်တွေမှာ ထိုးထားတဲ့ ဆံထိုးလေး ဖြုယူလိုက်တာကို ခံစားလိုက်ရသည်။ချက်ချင်းပင် ဆံနွယ်တွေကြား တိုးဝင်လာတဲ့ ဆံထိုးတခုကိုလဲ ခံစားမိလိုက်ပြန်သည်။"ကျန့်.. ကျန့် "
"ဒီမှာကြည့်! "
_အထိန်းတော်ကြီးဆီက တောင်းယူလာခဲ့တဲ့ မှန်နှစ်ချပ်ကို အရှေ့အနောက်တခုစီထောင်ပြရင်း ဆံထုံးနက်နက်ကလေးထက်က ချယ်ရီပန်းဆံထိုးလေးကို
မြင်စေလိုက်သည်..။
"လှလိုက်တာ...ဒါ ~ ကိုယ်တော့်ကို ပေး... ပေးတာလားဟင်"
"အင်း...ကျွန်တော်မျိုးက မင်းသားကို
လက်ဆောင်ပေးတာ"
"ကျေးဇူးတင်ပါတယ်... ဟီး..."
"အ့! "
_ဝမ်းသာသွားတဲ့မင်းသားလေးက ရုတ်တရက်အနောက်ကိုလှည့်လေတော့... ခပ်နီးနီးမှာရပ်နေတဲ့
စစ်သူကြီးရှောင်းရဲ့ ခြေထောက်ကို ခလုတ်တိုက်ပြီး
ယိုင်လဲလေတော့သည်။စစ်သူကြီးရှောင်းရဲ့ ရင်ခွင်ထဲကို ပြိုလဲတော့ ထိန်း မ ရင်းနဲ့ နှစ်ယောက်သား
မြေပြင်ပေါ် ထပ်ရက်ကျတော့သည်။
အဖြစ်အပျက်တွေက မြန်ဆန်လွန်းသည်။မိမိရင်ဘတ်ပေါ်မှ နေပြီး မျက်လုံးဝိုင်းဝိုင်းကလေးတွေနဲ့ ငေးကြည့်နေတဲ့ အနှီမင်းသား....။ထိုမင်းသားက ကျောက်စက်ပမာ မာကျောတဲ့ ဒီစစ်သူကြီးကို ရူးသွပ်စေဖို့ ပြုစားနေသလား အောင့်မေ့ရသည်.။စစ်သူကြီးငယ်ခဗျာမှာလဲ မင်းသားရဲ့ မျက်ဝန်းလေးတွေမှာ ပျော်ဝင်ငေးမေားနေမိသည်မှာ...မည်မျှပင်ကြာသွားသည်မသိ...။''အဟမ်း! မင်းသား အဆင်ပြေပါရဲ့လား"
_အထိန်းတော်ကြီး !
"အာ ~ အင်း အင်း. ပြေ...ပြေပါတယ် "
"ကျ..ကျတော်မျိုးကို ခွင့်ပြုပါအုံး မင်းသား ".
.
.
.
"အထိန်းတော်ကြီး ..ကိုယ်တော်လေ ဒီနေရာလေးက အရမ်းခုန်နေတယ် သိလား"
_ဝဲဘက်ရင်အုံကလေးကိုဖိရင်း ဆိုလေတဲ့ မင်းသားဝမ်** မင်းသားကြောင့် တစုံတရာမလှုပ်ရှားဖူးတဲ့ ဒီ
နှလုံးသားက ပေါက်ထွက်မတတ် ခုန်ပေါက်နေပြီ **......................................................
"မနက်အရုဏ်တက်တာနဲ့ မြောက်ပိုင်းကို
စစ်ချီဖို့ပြင်...အမိန့်! "
.
.
.
"စစ်သူကြီး လင်းရီက နန်းတော်ကို စောင့်ရှောက်ဖို့
တာဝန်ယူပြီးနေခဲ့ပါ"
"ဒါပေမဲ့... မင်းကြီးက စစ်သူကြီးသုံးယောက်လုံးသွားစေဖို့ အမိန့်ပေးခဲ့တယ်မလား စစ်သူကြီး ချင်"
"ငါက မင်းကြီးကို လျှောက်တင်လိုက်မှာမို့ တာဝန်သာ
ကျေအောင်ဆောင်ရွက်ပါ စစ်သူကြီးလင်းရီ"
"ကောင်းပါပြီ"
_လင်းရီမှာ စိတ်ထဲ ခနိုးခနဲ့ နဲ့သာ...။
YOU ARE READING
ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]
Historical Fiction*ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား... *ကိုယ်တော်က အချစ်ခံရဖို့ ကံမလာပါဘူး... *ကျနော်.. ကျနော် တောင်းပန်ပါတယ် မင်းသား...