6

1.7K 149 9
                                    

​ရှောင်းကျန့်တို့ မြောက်ပိုင်းကိုရောက်သွားတဲ့အခါမှာ
အခြေအနေက ကြိုတင်မှန်းဆထားတာနဲ့ တခြားစီဖြစ်လို့နေသည်.....
မြောက်ပိုင်းတံခါးဂိတ်ကိုရောက်တဲ့အခါမှာ ​အရှေ့ကနေ
ကာစီးပိတ်ဆို့လာကြတဲ့ သူတွေက တုတ် ဓားတို လေးဂွ
စသည့် လက်နက်ငယ်လေးတွေနှင့်သာ. ဒီလူတွေက ဘယ်လိုမှ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်တဲ့သူတွေ
မဖြစ်နိုင်ဘူး... ဒါက သာမန်သူတွေမှန်း
​ရှောင်းကျန့်သတိပြုမိလိုက်သည်...

"ဟေ့ လူမိုက်တွေ!! ငါ အိမ်ရှေ့စံတယောက်လုံး ကြွလာတာကို သင်တို့က ဒီလိုပိတ်ဆို့ရဲလား?"
_အိမ်ရှေ့စံရဲ့ အသံကို ကြားပြီးနောက်မှာ လူတွေက အနဲငယ် တုန်လှုပ်သွားကြပုံကို ဟန်ဖို့ပြီး လက်နက်တွေကို တင်းတင်းပြန်ဆုပ်ကိုင်ကြတယ်...

"ကျနော်တို့က ခင်ဗျားတို့ကို ကူညီဖို့လာတာပါ
ခင်ဗျားတို့ကို ​နှောင့်ယှက်နေတဲ့ သူပုန်တွေကို သုတ်သင်ပေးဖို့
မင်းကြီးက စေလွှတ်လိုက်တာပါ"
_ရှောင်းကျန့်ရဲ့စကားအဆုံးမှာ သူတို့က
တယောက်မျက်နှာတယောက်ကြည့်ကြပြီး လှုပ်လှုပ်ရှားရှား
ဖြစ်ကုန်ကြတယ်...

ထိုလူအုပ်ထဲမှ...
"ငါတို့ ဘာအကူအညီမှ မလိုဘူး!"
_အသက် ငါးဆယ်ကျော်ခန့်ရှိမည့် သန်သန်မာမာ လူကြီးတယောက်က အာဏာရှိစွာ
ပြောလာသည်...
"အထူးသဖြင့် ဝမ်ဟူ ပေးတဲ့ အကူအညီတွေကိုဆို
ပိုလိုတောင် ရွံရှာသေးတယ်"
"တယ်! ဘယ်လိုရိုင်းစိုင်းမှာမျိုးလဲ.. အရှင်ဘုရင်ကိုတောင်
နာမည်တပ်ခေါ်ဆိုမှုက အသက်နဲ့ခန္ဓာ အိုးစားကွဲမှာကို
မသိတာလား!!"
_အိမ်ရှေ့စံက ဒေါသတကြီး ဆိုလာတဲ့အခါမှာ နောက်လိုက်ရဲမက်တွေကလဲ လက်နက်တွေကို အသင့်ပြင်လိုက်ကြသည်.

ထိုလူကြီးက ခပ်မဲ့မဲ့အပြုံးကို ဖန်တီးပြီး...
"မင်းတို့ကို ငါ့နယ်ထဲဝင်ဖို့ မဖိတ်ခေါ်ခဲ့ဘူးနော်
မကျေမနပ်စရာ တခုခုများရှိရင် လာရာလမ်းအတိုင်း ပြန်နိုင်တယ်"

"တောက်!! ဒီမှာ!"

"ထန်း!!... ထန်းလူကြီးမင်း!!"

"ဘာအရေးကြီးလဲ"
"ဓားမြတွေ ဓားမြတွေ အနောက်ဘက်ကနေ ဝင်လာနေပြီ..
အခု ရိုးစပ်ကို ရောက်နေကြပြီ"
"ဘာ! သွားမယ် "
"နေဦး... ဒီစစ်ပွဲကို ဦးစီးပြီးလာတာ ငါအိမ်ရှေ့စံကိုယ်တိုင်မို့
ငါကိုယ်တိုင် တိုက်မယ်"
"တိုက်ချင်သပ ဆိုရင်လဲ"
_လက်တဖက်ကို အရှေ့ကို ညွှန်ပြပြီး မထီမဲ့မြင်ပုံနဲ့ ထန်းလူကြီးမင်းဆိုသူက .. တကယ့်ကို အရိုအသေကင်းမဲ့သည့်သူပင်....

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now