15

1.5K 129 11
                                    

မုယွမ်ပြည်ရဲ့မိုးကောင်းကင်ကြီးက ချက်ချင်းဆိုသလို တိမ်ညိုတိမ်မဲတွေ ဖုံးလွှမ်းသွားသည်။လေပြင်းတွေက
တိုက်ခတ်လာလို့ ပြည်သူတွေက အိမ်ယာတွေထဲ အပြေးဝင်ကြသည်။လေပြင်းတွေနဲ့အတူသယ်ဆောင်လာတဲ့ မြူတွေမှုန်တွေကြောင့် မြင်ကွင်းဟာလဲ ပြတ်သားမှု မရှိချေ။
နန်းတော် ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ အစောင့်တပ်သားလေးနှစ်ယောက်ဟာ မြူတွေကို လက်တွေနှင့်
ဖယ်ရှားရင်း ရှေ့ကမြင်ကွင်းကို ကြည်အောင် လုပ်နေကြသည်။ထိုချိန်မှာပဲ တပ်သားနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ လေပေါ်မြောက်တက်သွားပြီး နန်းတော်တံခါးကို ဝင်စောင့်ကာ တံခါးပါ ကျယ်လောင်စွာ ပွင့်ထွက်သွားသည်။
''ဝုန်း! "
.
.
'' စစ် ~ စစ်သူကြီး ...​ရှောင်း ''

....................................................

ညီလာခံခန်းမထဲသို့ အပြေးတပိုင်းဝင်ရောက်လာတဲ့
ရဲမက်တစ်ဦး လျှောက်တင်လိုက်သည့် စကားကြောင့် မင်းကြီးဝမ်မင်ချောင်၊အမတ်ချုပ်ကြီး ချင်ချိုင် အပါအဝင် ခန်းမထဲရှိနေသည့်အမတ်တွေကပါ အထိတ်တလန့်ဖြစ်ကုန်ရသည်။
"မင်း ~မင်းကြီး... စစ် ~စစ်သူကြီး ...​ရှောင်းကျန့်! ''
"ဘာ! ''
''အပြည့်အစုံလျှောက်တင်စမ်း.. ဘာတွေ တွန့်ဆုတ်နေတာလဲ !''
_အမတ်ချုပ်ကြီးက စိတ်မရှည်ဟန် ဝင်ပြောသည်။
"စစ် ~ စစ်သူကြီးရှောင်းကျန့် ရောက်နေ. ~''
''ဝုန်းး! ''
_ညီလာခံခန်းမဆောင်တံခါးကြီးဟာ အရှိန်နဲ့ လွင့်စင်ပြုတ်ထွက် သွားသည်။ ထိုရှေ့ နန်းရင်ပြင်တွင်တော့
တလှပ်လှပ်လွှင့်နေသည့် ဆံနွယ်ရှည်တွေနှင့်အပြိုင်
အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ထိုလူ....

'' ​ရှောင်းကျန့်! ''

''အဟက်! ''
......................................................

'' အထိန်းတော်ကြီး... နန်းတော်ထဲက အသံတွေက
အရမ်းဆူညံလွန်းတယ် ဘာတွေများဖြစ်နေသလဲဟင်''
''ကျွန်တော်မျိုးမလဲ မသိသေးပါဘူး မင်းသား ''
''ထူးထူးဆန်းဆန်းပဲ....''

"အထိန်းတော်ကြီး! အထိန်းတော်ကြီး!''
''ဟဲ...အပျိုတော် ဘာလို့ ဆူညံလာရတာလဲ
မင်းသား ခုပဲ အနားယူဖို့ဝင်သွားတာ ''
''ဟို ~ဟို နန်းတော်ထဲကို..  နန်းတော်ထဲကို
စစ်သူကြီးရှောင်းကျန့် ပြန်ရောက်လာလို့တဲ့ ''
''ဘယ်လို!''
''ကျန့်ကျန့်လား !''
''မင်းသား!!''
_အိပ်ဆောင်ထဲက အံ့သြသမှုအပြည့် ဝမ်းသာဝမ်းနည်းမှုတွေနဲ့ မင်းသားရိပေါ်က အပြေးထွက်လို့ မေးလာသည်။​ဝတ်ရုံဖြူလေးကိုအသာမလို့ ခြေလှမ်းတွေကိုလဲ နန်းတော်ထဲ သွားဖို့ပြင်သည်။
''မင်းသား! မင်းသား! စစ်သူကြီးရှောင်းကျန့်က မိစ္ဆာဖြစ်နေပြီတဲ့! ''
''ဘာ!! ဘယ်လိုစကားမျိုး ပြောတာလဲ နန်းတွင်းသူ! ''
''ကျွန်တော်မျိုးမ မလိမ်ဝံ့ပါဘူး မင်းသား... နန်းရင်ပြင်မှာ သွေးချောင်းစီးနေပါပြီတဲ့ ''

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now