Chapter - 1

8K 749 10
                                    

Unicode


နွေရာသီလေနွေးနွေးလေးကထရပ်ကားနောက်မှာရပ်နေတဲ့သူ့မျက်နှာကိုကျီစယ်နေတယ် သူတို့နယ်ကစိုက်ခင်းစိမ်းစိမ်းတွေဘေးကနေဖြတ်တော့ငှက်တွေတေးဆိုသံကိုကြားနေရတယ် သူလည်းပျော်ရွှင်စွာနဲ့သီချင်းညည်းနေတယ်

သူ့အမေဆီကကြားထားတာဒီနေ့သူတို့ဘေးကိုအိမ်ပြောင်းလာကြမယ့်သူတွေရှိတယ်တဲ့

"Zhan ခုန်မနေနဲ့လေ!"

သူ့အမေကကားထဲကနေလှမ်းဆူတယ်

Xiao Zhan လို့ခေါ်တဲ့ကောင်လေးကရယ်ပြီးသူ့အမေကိုမြန်မြန်တောင်းပန်လိုက်တယ်

"sorryမား ကျွန်တော်စိတ်လှုပ်ရှားနေလို့!"

သူပျော်ရွှင်စွာအကြောင်းပြချက်ပေးလိုက်တယ် သူအိမ်ပြန်ရောက်ဖို့ကိုမစောင့်နိုင်တော့ဘူး

"မိန်းမရယ် Zhan လေးကနောက်ဆုံးတော့ကစားဖော်ရတော့မယ်ဆိုတော့ပျော်နေလို့ပါ"

"သူခုန်နေရင်းနဲ့ပြုတ်ကျသွားမှာစိုးလို့ပါ"

Xiao မားကပြုံးပြီးပြောတယ်

"သူဘယ်တုန်းကသိသွားရတာလဲ"

"ကျွန်မဆီက"

Xiao မားကရယ်ရင်းပြန်ဖြေတယ်

သိပ်မကြာခင်မှာပဲသူတို့အိမ်ရောက်သွားတယ် Zhan လေးကထရပ်ပေါ်ကနေခုန်ဆင်းလိုက်တယ်

"မားမား သူတို့ရော?"

ဆယ့်တစ်နှစ်သား Zhan လေးကဆူပုတ်ပြီးမေးတယ်

Xiao မားသူ့သားခေါင်းလေးကိုပုတ်လိုက်ပြီး..

"သားလေး ဘာလို့မားမားပိုင်မုန့်လုပ်တာကူညီပေးပြီးသူတို့ကိုသွားမပို့တာလဲ ဟမ်?"

Zhan လေးရဲ့ကြုတ်ထားတဲ့မျက်ခုံးတွေကချက်ချင်းပြေသွားပြီးပြုံးလာတယ်

"ဟုတ်ကဲ့"

သူကလိမ္မာရောင်ခေါင်မိုးလေးနဲ့အဝါဖျော့ဖျော့သစ်သားအိမ်ထဲပြေးဝင်သွားတယ် ကြည့်ရတာရိုးရှင်းပေမယ့် Xiao Zhan အတွက်တော့အိမ်လို့ခေါ်စရာဒီနေရာလေးပဲရှိတယ် သူမီးဖိုခန်းထဲဝင်သွားပြီးပိုင်မုန့်လုပ်ဖို့လိုတာတွေပြင်ဆင်နေတယ်

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now