Chapter - 6

4.7K 514 3
                                    


Unicode


ဘဝမှာပထမဆုံးအနေနဲ့ ကုမ္ပဏီကို Xiao Zhan နောက်ကျလို့အသည်းအသန်ပြေးနေရတယ် အထူးသဖြင့်ယောက်ကျားကြီးဖြစ်ပြီးမိန်းမတွေရာသီလာသလိုစိတ်တိုလွယ်နေတဲ့ဟိုစိတ်ရှုပ်စရာလူဆီကလည်းနောက်ကျလို့ဆိုပြီးအဆူအဆဲမခံနိုင်ဘူး

Xiao Zhan လက်ကောက်ဝတ်ကနာရီကိုကြည့်လိုက်တော့ရှစ်နာရီခွဲတော့မယ် နောက်ဆုံးဓာတ်လှေကားကဒင်ခနဲအသံနဲ့အတူ Xiao Zhan လည်းသူ့စားပွဲဆီကိုအသည်းအသန်ပြေးသွားတော့တယ်

Xiao Zhan ရောက်သွားတော့သူ့စားပွဲမှာလူတွေထပ်ပြီးအုံနေတာမြင်တော့အံ့ဩသွားတယ်

"အမ် ဘာဖြစ်ပြန်ပြီလဲ ကျွန်တော့်အတွက်လက်ဆောင်ရောက်နေတယ်လို့မပြောနဲ့နော်"

Xiao Zhan အသံကြားတော့သူ့စားပွဲမှာဝိုင်းနေတဲ့သူတွေအကုန်လုံးသူ့ကိုလှည့်ကြည့်လာကြတယ်

"Xiao-ge! ဒါ Xiao-ge အတွက်တဲ့"

လူအုပ်ကြားထဲက Mianmian ကစိတ်လှုပ်ရှားစွာပြောတယ်

Xiao Zhan သူ့စားပွဲအောက်နားကလည်ပင်းမှာနှင်းဆီနီရောင်ဖဲပြားကြီးနဲ့မိုခါးရောင်ဝက်ဝံရုပ်အကြီးကြီးကိုပါးစပ်လေးဟပြီးအံ့ဩစွာကြည့်နေတယ်

"ဘာ-ဘာ?"

'ဘယ်သူပေးတာလဲဟ!"

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကနောက်နောက်ပြောင်ပြောင်ဖြင့်...

"Xiao-ge ကကံအရမ်းကောင်းတာပဲ"

Xiao Zhan ကတော့ဒီအခြေအနေကြားထဲမှာစိတ်တွေရှုပ်ထွေးနေတယ်

'မနေ့ကကျတော့ပန်းစည်းနဲ့ချောကလက် ဒီနေ့ဝက်ဝံရုပ်ကြီး? တစ်ကယ်ပဲဘယ်သူပေးနေတာလဲ? ဒီဝက်ဝံရုပ်ကပုံမှန်လူတစ်ယောက်ထက်တောင်ကြီးနေသေးတယ်!"

Mianmian ကမေ့စေ့ကိုပွတ်ရင်း...

"Mr.Zhan ကိုကြိတ်ကြိုက်နေတဲ့သူရှိနေတာလား?"

"ဒီဝက်ဝံရုပ်ထားသွားတဲ့သူကိုတွေ့လိုက်တဲ့သူရှိကြလား?"

"ကျွန်တော်ပထမဆုံးရောက်တာပဲ ဒါပေမယ့်ကျွန်တော်ရောက်တည်းကအဲ့အရုပ်ကရှိနေတာ"

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now