Chapter -3

5.4K 618 11
                                    


Unicode


Xiao Zhan သူ့စားပွဲဆီမြန်မြန်လျှောက်သွားတာခြေခေါက်လဲမလိုတောင်ဖြစ်သွားတယ် သူအရမ်းစိတ်ရှုက်နေပြီးကိုယ့်နှုတ်ခမ်းကိုတစ်ဖတ်ဖတ်နဲ့ပြန်ရိုက်နေတယ်

"Zhan-ge ဘာဖြစ်လို့လဲ"

Yu Bin က Xiao Zhan ပုခုံးကိုနောက်ကနေပုတ်ရင်းစိုးရိမ်စွာမေးတယ်

Xiao Zhan Yu Bin ကိုပုခုံးဖက်လိုက်ပြီး...

"Yu Bin ငါတော့အလုပ်ပြုတ်တော့မယ်ထင်တယ်"

"ကော်ဖီရော? ဘာလို့ရုတ်တရက်ကြီးအလုပ်ပြုတ်ရမှာလဲ?"

သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကိုမဆုံးရှုံးချင်တာကြောင့် Yu Bin ခုနကထက်တောင်ပိုစိုးရိမ်သွားတယ်

"ပြောရမှာတော့ရှည်တယ် ဒါပေမယ့်ငါတော်တော်ကြီးကိုရှုပ်ခဲ့တာ"

"အင်း စိတ်ငြိမ်ငြိမ်ထားပြီး တောင်းပန်စာတင်ဖို့လုပ်လေ"

Xiao Zhan သက်ပြင်းချပြီး...

"အဲ့လောက်လွယ်နေရင်တော့ကောင်းတာပေါ့ ဒါနဲ့ဒီနေ့ငါတို့ကုမ္ပဏီကိုလာမယ့်အရေးကြီးဧည့်သည်ရှိလား"

Yu Bin ခဏစဉ်းစားလိုက်ပြီးမှ...

"အာ..ရှိတယ် CEO အသစ်လေ ဘာလို့လဲ"

"ငါသူ့ကိုတံခါးနဲ့တိုက်ခဲ့တာ.."

Xiao Zhan ပြောလိုက်တော့အနားကခိုးနားထောင်တဲ့သူတွေကသူတို့သိချင်တာတွေမေးတော့တယ်

"Xiao-ge? တစ်ကယ်ကြီးလား? ဘယ်လိုဖြစ်တာလဲ?"

Mainmain ကခုံကနေထရင်းမေးတယ်

"CEO ကဘယ်လိုပုံစံလဲဟင်"

"အသက်ကြီးကြီးထဲကလား?"

"အသက်ကြီးပိုင်းထဲကမဟုတ်ရင်ကောင်းမယ်"

"အသက်ကြီးတော့ဘာဖြစ်လို့လဲ?"

သူ့ကိုဝိုင်းမေးနေတဲ့သူတွေကြောင့် Xiao Zhan ခေါင်းကိုက်လာတာကြောင့် မျက်ရိုးနှိပ်ပြီးသက်ပြင်းချလိုက်တယ် ရုံးခန်းတစ်ခုလုံးလည်းဆူညံနေတာပဲ

"သူအဆင်ပြေလား မပြေလားငါလည်းမသေချာဘူး အိုခေ? နောက်သူကလူကြီးထဲကမဟုတ်ဘူး"

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now