Chapter - 5

5K 551 15
                                    


Unicode


Xiao Zhan ပါးစပ်ဟောင်းလောင်းနဲ့ သူ့စားပွဲဆီရောက်သွားတယ်

"Mr.Zhan ဒါတွေဘယ်သူပေးတာလဲသိလား"

Mianmian မေးတော့ကျန်တဲ့သူတွေအကုန်လုံးကလည်း Xiao Zhan ဆီကအဖြေကိုမျှော်လင့်တကြီးစောင့်နေကြတယ်

"ကျွန်တော်လည်းအခုမှရောက်တာလေ ဘယ်သူပေးတာလဲဆိုတာသိတဲ့ပုံပေါ်နေလို့လား"

Xiao Zhan ပြောပြီးတော့ပန်းစည်းထဲကကဒ်လေးကိုတွေ့သွားတယ်

*ပထမရက်, မသိသေးဘူးလား?*

Mianmian လည်းကဒ်ကိုလိုက်ကြည့်ပြီး....

"အမ်? ဘာကြီးလဲ? နာမည်လည်းမပါဘူး?"

Xiao Zhan ဦးနှောက်ကိုဖြစ်ညှစ်ပြီးဘယ်သူပေးတာဖြစ်နိုင်လဲဆိုတာစဉ်းစားလိုက်တယ် ဒါပေမယ့်လည်းသူ့ကိုရိုဆန်ဆန်ကြိုက်တဲ့သူဆိူတာတစ်ယောက်မှမရှိပါဘူး

"အကုန်လုံးအလုပ်ပြန်လုပ်ကြတော့ ကျွန်တော့်စားပွဲမှာအုံမနေကြနဲ့ လုပ်စရာတွေရှိသေးတယ်"

Xiao Zhan ကပြန်ကြဖို့လက်ဟန်ပြပြီးပြောတယ်

"Mr.Zhan တစ်ယောက်ရှက်နေတာပဲ"

Xiao Zhan လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကစပြီးရယ်တယ်

Xiao Zhan သက်ပြင်းချပြီးထိုင်ခုံမှာထိုင်လိုက်ရင်း...

"ဒါဘယ်ကရောက်လာတာလဲဆိုတာတစ်ကယ်မသိဘူး..."

Xiao Zhan ဒီလိုလက်ဆောင်ရတာပျော်ရမလား စိုးရိမ်ရမလားတောင်မသိတော့ဘူး တော်ကြာstalkerဖြစ်နေရင်ဘယ်လိုလုပ်မလဲ Xiao Zhan ခေါင်းခါပြီးခေါင်းထဲကအတွေးတွေကိုထုတ်ပစ်လိုက်ပြီး ချောကလက်ဘူးနဲ့ပန်းစည်းကိုဘေးဖယ်ပြီးအလုပ်စလုပ်လိုက်တယ်

သိပ်မကြာခင် Yu Bin ရောက်လာပြီး Xiao Zhan စားပွဲပေါ်ကပစ္စည်းတွေကိုတွေ့တော့အံ့ဩသွားပြီး...

"Wow! ဘယ်သူ..."

"ငါလည်းမသိဘူး"

Yu Bin ပြောလို့မပြီးခင် Xiao Zhan ဖြတ်ပြောလိုက်တယ်

"အမည်မဖော်ဘဲပိုးပန်းနေတဲ့သူပေါ့"

"ဘယ်သူဖြစ်နိုင်မလဲ"

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now