Unicode
Xiao Zhan သူ့ရုံးခန်းထဲရောက်တာနဲ့ချက်ချင်းတံခါးပိတ်လိုက်ပြီးအသက်ပြင်းပြင်းရှူလိုက် ထုတ်လိုက်လုပ်နေတယ် သူ့မျက်နှာတစ်ခုလုံးပူကျစ်နေတာပဲ
"ငါ့အလုပ်ပထမဆုံးရက်မှာ CEO စားပွဲပေါ်မှာထန်လာတယ်တဲ့လား..."
Xiao Zhan ပြောပြီးသူ့ရင်ဘတ်ထဲကခုန်နေတဲ့နှလုံးသားကိုငြိမ်သွားအောင်လို့အသက်ပြင်းပြင်းရှူထုတ်လိုက်တယ်
"ပြီးတော့လည်းလွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်ကငယ်သူငယ်ချင်းတဲ့! သူတစ်ကယ်ငါ့အပေါ်ခံစားချက်ရှိနေတာလား?"
Xiao Zhan ဆံပင်ကိုလက်နဲ့ဖွနေရင်းမာန်မကျသေးတဲ့သူ့ညီလေးကိုသတိထားမိသွားတယ် သူတစ်ကယ်ကိုအဲ့ကိစ္စကိုမေ့သွားတာ
"ပုံမှန်ပြန်ဖြစ်ပါတော့"
Xiao Zhan ညည်းညူသလိုပြောပြီးခက်ခက်ခဲခဲနဲ့သူ့စားပွဲဆီကိုလျှောက်သွားတယ် သူ့ညီလေးကတုန်ယင်နေပြီးဖြေလျှော့ပေးဖို့တောင်းဆိုနေတယ် Xiao Zhan မျက်မှောင်ကြုတ်ပြီးအတတ်နိုင်ဆုံးလျစ်လျူရှုဖို့ဆုံးဖြတ်လိုက်တယ် အလုပ်လုပ်နေတဲ့အချိန်မှာဒီလိုဖြေလျှော့ဖို့ဆိုတာဘယ်လောက်တောင်အရှက်ကင်းမဲ့လိုက်တဲ့ကိစ္စလဲ! Xiao Zhan စားပွဲကိုရောက်တာနဲ့မြန်မြန်ထိုင်ချလိုက်တယ်
"what the heck"
Xiao Zhan သက်ပြင်းချပြီးသူ့နှာခေါင်းတစ်လျှောက်ကိုနှိပ်နယ်နေတယ် ထို့နောက်ဘောင်းဘီအိတ်ထကဖုန်းထုတ်လိုက်ပြီး Yu Bin ဆီခေါ်လိုက်တယ် နှစ်မိနစ်လောက်နေတော့မှ Yu Bin ကဖုန်းကိုင်လာတယ်
"ဟယ်လို Mr.Zhan?"
"good morning Bin နှောင့်ယှက်လိုက်မိတာsorryနော်"
Xiao Zhan ဖုန်းပြောရင်းနဲ့သူ့ရှေ့ကကွန်ပျူတာရဲ့အမည်းရောင်စခရင်ကိုကြည့်လိုက်တော့သူ့ဖူးယောင်နေတဲ့နှုတ်ခမ်းကိုသတိထားမိသွားပြီး သူ့မျက်နှာနောက်တစ်ခါပူတက်လာတယ် အင်း...Xiao Zhan ရိုးရိုးသားသားပြောရရင်တော့ CEO ကနမ်းတာတော်ပါတယ် သူတစ်ကယ်ကြိုက်တယ် ဒါပေမယ့်ဒီအကြောင်းကိုတော့ဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူး
YOU ARE READING
Grew Up To Be Your Husband (Translation) (Completed)
FanfictionUnicode ကလေးတစ်ယောက်ကသူ့ကိုပေးထားတဲ့ကတိကိုဘယ်လောက်ထိအလေးအနက်ထားလဲဆိုတာသင်မသိနိုင်ဘူး ဒီ fic ဘာသာပြန်ခွင့်ပေးတဲ့မူရင်းအာသာ Endless_Infinity ကို crd ပေးပါတယ်နော် If you want to read thr original fiction, you can go to my wall. There is a reading list...