Chapter -8

4.1K 490 6
                                    


Unicode


Xiao Zhan ခဏလောက်အသိစိတ်ပျောက်သွားပြီးအဲ့အတိုင်းရပ်နေမိတယ် နောက်မှအဲ့ကဒ်ကိုအိတ်ကပ်ထဲထည့်ပြီးပစ္စည်းတွေနေရာချလိုက်တယ် အခုသူ့မှာအဲ့အကြောင်းစဉ်းစားနေဖို့အချိန်မရှိဘူး

'ဘယ်လိုတောင်လဲကွာ'

Xiao Zhan ခေါင်းထဲကအတွေးတွေကိုထုတ်လိုက်ပြီးသူ့ရုံးခန်းအပြင်အဆင်ကိုကြည့်လိုက်တယ် သူ့ရုံးခန်းက CEO ရုံးခန်းထက်သေးပြီး စာအုပ်စင်ကတော့တစ်ခုပဲပါတာကလွဲပြီး ကျန်တဲ့အပြင်အဆင်တွေက CEO ရုံးခန်းအပြင်အဆင်နဲ့ဆင်တယ်

"တစ်ယောက်ယောက်များငါ့ကိုလာနောက်နေတာလား"

Xiao Zhan စာအုပ်တွေကိုစာအုပ်စင်ပေါ်စဉ်ရင်းကိုယ့်ဘာသာပြန်မေးနေတယ်

နှစ်နာရီကြာတော့ Xiao Zhan ပစ္စည်းတွေအကုန်နေရာချပြီးသွားပြီ သူနာရီကြည့်လိုက်တော့ဆယ်နာရီလေးဆယ့်ရှစ်တောင်ဖြစ်နေပြီ နာရီကြည့်လိုက်တော့မှသူသတိရသွားတယ် သူ CEO ကိုမနက်ခင်းကော်ဖီမပို့ရသေးဘူး အရောင်းစာရင်းတွေလည်းမတင်ရသေးဘူး

Xiao Zhan နှစ်ခါမစဉ်းစားဘဲနဲ့ စာရင်းဖိုင်တွေယူပြီး ကော်ဖီဖျော်ဖို့ဓာတ်လှေကားစီးလိုက်တယ် ဓာတ်လှေကားထဲမှာသူတစ်ယောက်တည်းပဲရှိတယ် Xiao Zhan သူ့ဖိနပ်ကိုငုံ့ကြည့်လိုက်တယ်

Xiao Zhan သူ့ဖိနပ်ကိုငုံ့ကြည့်ရင်း အရင်တစ်ခေါက်တုန်းက တောက်ပြောင်နေတဲ့ရှူးတစ်စုံနဲ့ CEO နဲ့သူဆုံခဲ့တဲ့အကြောင်းခေါင်းထဲရောက်လာတယ် Xiao Zhan CEO သူ့ကို "မနက်ကဘယ်လိုလဲ" လို့မေးခဲ့တာကိုမှတ်မိသွားတော့ ကိုယ့်ကိုကိုယ်အရူးဆိုပြီးဆူဆဲချင်သွားတယ်

သူကခွေးကောင်တစ်ကောင်ကပေးတာလို့တောင်ပြောခဲ့သေးတယ်

'မဟုတ်သေးပါဘူး Xiao Zhan စိတ်ငြိမ်ငြိမ်ထား အဲ့တစ်ယောက်က CEO ဆိုတာမှမသေချာတာ'

ဓာတ်လှေကားတံခါးပွင့်သွားတော့ Xiao Zhan မြန်မြန်ထွက်ပြီးကော်ဖီဖျော်ဖို့သွားတယ် ခွက်တွေထားတဲ့နံရံကပ်ဗီရိုအပေါ်ဆုံးက CEO ရဲ့ခွက်ကိုယူလိုက်တယ် သူများတွေပြောတာတော့ CEO ခွက်ကတစ်ခြားနိုင်ငံကနေဝယ်ထားတာတဲ့ ဈေးအရမ်းကြီးတယ်လို့ပြောတယ်

Grew Up To Be Your Husband (Translation) (Completed)Tahanan ng mga kuwento. Tumuklas ngayon