Chapter 11

4K 487 14
                                    


Unicode


လမ်းတစ်လျှောက်သွားနေတဲ့ကားထဲမှာဘာသံမှမကြားရအောင်တိတ်ဆိတ်နေတယ် အဲ့လိုတိတ်ဆိတ်နေမှုကြီးက Xiao Zhan ကိုနေရခက်စေတယ် အခု Xiao Zhan ကကားမောင်းနေတဲ့ Wang Yibo ဘေးက lover seat မှာထိုင်နေတယ်

Xiao Zhan ချောင်းတစ်ချက်ဟန့်လိုက်ပြီး...

"အာ..အဲ့တော့မင်းဒီနှစ်တွေမှာဘယ်လိုလဲ? မင်း CEO တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ငါတစ်ခါမှမထင်ခဲ့ဖူးဘူး"

"ကျွန်တော့်အဖိုးလက်လွှဲပေးခဲ့တာ"

Wang Yibo ကလမ်းကိုပဲတစ်စိုက်မတ်မတ်ကြည့်ရင်းပြန်ဖြေတယ်

"အိုး.."

Xiao Zhan ဒါပဲပြောပြီးဘာဆက်ပြောရမလဲမသိတော့ ဒီလိုနဲ့ပဲစကားဝိုင်းကအဆုံးသတ်သွားတော့တယ်

Xiao Zhan ကဒီလိုမျိုးကြောင်တောင်တောင်နိုင်တဲ့အခြေအနေတို့ တိတ်ဆိတ်နေတဲ့အခြေအနေတို့ကိုမကြိုက်ဘူးဆိုတာလူတိုင်းသိကြတယ် Xiao Zhan ပုံမှန်စကားဝိုင်းလိုမျိုးပြောဖို့အကြောင်းအရာရှာပေမယ့်ခက်ခဲနေတယ် အဲ့အကြောင်းအရာဆိုတဲ့ထဲမှာသေချာပေါက်ကိုမနက်ကအဖြစ်အပျက်တော့မပါဘူးပေါ့ စဉ်းစားလိုက်ရုံနဲ့တင် Xiao Zhan ရှက်လာပြီးသူ့နှလုံးခုန်သံတွေလည်းမြန်လာတယ်

Xiao Zhan နောက်တစ်ကြိမ်ကြောင်တောင်တောင်နိုင်စွာနဲ့ချောင်းဟန့်လိုက်ပြီး...

"အန်တီတို့ရော? ဘယ်မှာနေကြလဲ?"

"မားတို့ကအခုအမေရိကားမှာ ဒီနေ့ကသူတို့မင်္ဂလာနှစ်ပတ်လည်နေ့လေ"

"ကောင်းလိုက်တာ အန်တီတို့ကိုငါသတိရနေတယ်လို့ပြောပေးနော်"

Xiao Zhan မျက်လုံးလေးတွေကိုကြည့်ရင်သူစိတ်ထဲကပြောနေတယ်ဆိုတာကိုသိနိုင်တယ် သူတစ်ကယ်ကို Wang မိသားစုကိုသူ့မိသားစုလိုသဘောထားတယ် တစ်နှစ်ပဲခင်ခဲ့တယ်ဆိုပေမယ့်လည်းသူတို့ကတစ်ကယ်ကောင်းမွန်တဲ့အိမ်နီးချင်းတွေဖြစ်ခဲ့တယ်မလား

"အဲ့တော့လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်ကမင်းတို့ပြောင်းသွားတာအန်ကယ်ကမင်းအဖိုးဆီကစီးပွားရေးကိုလက်လွှဲယူဖို့ပေါ့"

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now