Chapter-12

3.6K 428 8
                                    

Unicode


လွန်ခဲ့တဲ့နှစ်ပတ်ကဆုံးဖြတ်ခဲ့တဲ့ Wang ကုမ္ပဏီနဲ့ချုပ်ခဲ့တဲ့စာချုပ်ကိုအပြီးသတ်ဖို့ Ms.Emily ကကုမ္ပဏီကိုနေ့တိုင်းလာရတယ် အခွင့်အရေးရရင်ရသလို CEO ကိုလည်း အငမ်းမပျက် အကြောင်မပျက်ချေ Wang Yibo ဘေးမှာရပ်နေရတဲ့ Xiao Zhan ကတော့တော်တော်လေးစိတ်ရှုပ်နေပြီးစိတ်ထဲမှာလည်း...

'Ms. ရေကျွန်တော်တို့အလုပ်လာတာဘဲငမ်းဖို့မဟုတ်ဘူးနော်'

Xiao Zhan သူတို့ကမျက်လုံးထောင့်ကနေကြည့်လိုက်တော့ Emily ကဆံပင်ကိုနားကြားထဲထည့်ပြီး Yibo ရှေ့မှာချစ်ဖို့ကောင်းအောင်လုပ်ပြပြီး...

"Mr.Wang ကျေးဇူးတင်ပါတယ်နော် အမှန်တော့အဲ့လောက်ပန်းတွေအများကြီးပေးစရာမလိုပါဘူး"

Xiao Zhan ကသူတို့ပြောနေတာကိုတစ်ကယ်နားထောင်ချင်ခဲ့တာမဟုတ်ဘူး ဒါပေမယ့်ကြားလိုက်ရတာကြီးကသူ့ကိုမြှားနဲ့ပစ်လိုက်သလိုပဲ

'Wang Yibo ကသူမကိုပန်းတွေပေးတာလား?'

Xiao Zhan အေးစက်စက်နဲ့အကုန်လုံးကိုလျစ်လျူရှုထားတဲ့ရုပ်နဲ့ CEO ကိုကြည့်လိုက်တယ် CEO ကခေါင်းငြိမ့်ပြီး...

"ရပါတယ်"

Xiao Zhan အခုအဖြစ်အပျက်တွေအကုန်လုံးကိုနိဂုံးချုံ့ကြည့်လိုက်ချိန်မှာတော့ သူ့ယူဆချက်ကသူတို့နှစ်ယောက်ကြားမှာတစ်ခုခုရှိနေတယ်ဆိုတာပဲ ဟုတ်တယ်မလား? Yibo လိုက်နေတဲ့သူကသူ,မဟုတ်ဘူးလား? Yibo လိုက်နေတဲ့သူနောက်တစ်ယောက်ရှိတယ်ဆိုတာကြီးကအဓိပ္ပာယ်ကိုမရှိဘူး

ဘာကြောင့်မှန်းမသိပေမယ့် Xiao Zhan စိတ်ထဲမှာအဆင်ပြေမနေဘူး Xiao Zhan သူ့ဘာသာဖိုင်တွေနဲ့နောက်ဆုံးပိတ်ငွေရေးကြေးရေး report တွေဆီအာရုံပြောင်းလိုက်တယ် အာရုံပြောင်းလိုက်ပေမယ့်လည်းသူစာရွက်တွေလှန်နေရုံသာရှိပြီး အလုပ်ထဲမှာစိတ်နှစ်လို့မရ Xiao Zhan ကိုယ့်ဘာသာရိုက်လိုက်တယ်

"ဘာဖြစ်နေတာလဲကွာ..."

Xiao Zhan ဘောပင်နှိပ်လိုက်ရင်းကိုယ့်ဘာသာတိုးတိုးလေးညည်းတယ်

"Mr.Xiao ကျွန်တော် Ms.Qi ကိုဝင်ပေါက်ထိလိုက်ပို့မလို့ အရင်သွားနှင့်မယ်"

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now