Chapter - 14

5K 402 4
                                    


Unicode


Xiao Zhan သူ့ခံစားချက်တွေကကိုဝန်ခံဖို့ဆုံးဖြတ်လိုက်ပြီ Wang Yibo သူ့ကိုမချစ်တော့ဘူးဆိုတာသူသိတယ် အဲဒါကစောက်ရမ်းနာကျင်ရပေမယ့် အဲ့ဒါကြောင့်နဲ့တော့သူ့ခံစားချက်တွေကိုဖွင့်ပြောဖို့နောက်ဆုတ်နေမှာမဟုတ်ဘူး Wang Yibo ကသူ့ကိုဆယ့်ခြောက်နှစ်တောင်စောင့်ခဲ့ရတာ အခုကသူအဖြေပြန်ပေးရမယ့်အလှည့်ပဲ ဘာမှအချိန်တွေထပ်ဆွဲနေစရာမလိုဘူး

လက်ထောက်လေးကအလုပ်ကိုလုံ့လဝီရိယအပြည့်နဲ့ကြိုးကြိုးစားစားလုပ်နေတယ် Xiao Zhan တော်တော်လေးကိုမူးဝေနေသလိုခံစားနေရတယ် သူအရင်တုန်းက Yibo နဲ့အလုပ်လုပ်ရတာဒီလောက်ကြောင်တောင်တောင်မနိုင်ဖူးဘူး အဲ့လိုဖြစ်စရာအကြောင်းလည်းမရှိခဲ့ဘူးကို Xiao Zhan အလုပ်မှာအနှောင့်အယှက်မဖြစ်အောင် သူ့ခုန်နေတဲ့နှလုံးသားကိုတည်ငြိမ်အောင်ကြိုးစားနေတယ်

Wang Yibo နဲ့ Ms.Qi စကားပြောနေတာတောင်မှဘေးမှာပဲရပ်ပြီးသူ့အလုပ်သူအာရုံစိုက်နေတယ် သူတို့စကားပြောနေတာကိုနှောင့်ယှက်တာကအရမ်းရိုင်းတယ်မလား ပြီးတော့လည်း Yibo ကိုသူပိုင်တာမှမဟုတ်တာ

သူတို့နှစ်ယောက်စကားပြောပြီးသွားတော့မှ Xiao Zhan Wang Yibo နားအပြုံးလေးနဲ့ကပ်သွားပြီး...

"sir ညနေ 2 နာရီကျရင် appointment တစ်ခုရှိပါတယ် Shanghai ကလုပ်ငန်းက Mr.Ji Li လာနေပါပြီ"

"အဲ့ဒါဆို Mr.Ji Li ကိုစာရွက်စာတမ်းတွေအပြီးသတ်လုပ်ထားဖို့ပြောပေးပါ"

Wang Yibo ကရုပ်တည်နဲ့နက်ကတိုင်ကိုနေရာညှိရင်းပြောတယ်

"ဟုတ်ကဲ့ပါ sir"

Xiao Zhan ဦးညွတ်ပြီးရိုရိုသေသေပြန်ပြောလိုက်တယ်

Xiao Zhan အစည်းအဝေးလုပ်တဲ့ခုံကိုပြန်သွားပြီး နောက်အစည်းအဝေးအတွက်လိုတဲ့တစ်ချို့ကိစ္စတွေနဲ့ မှတ်စုတွေရေးနေတယ်

"အာ..Mr.Xiao ဟုတ်တယ်မလား?"

ရင်းနှီးနေတဲ့အသံကြောင့် Xiao Zhan Ms.Qi ကိုမော့ကြည့်လိုက်တယ်

"ဟုတ်ကဲ့ good morning ပါ ma'am"

Xiao Zhan ပြုံးပြီးလက်ဆွဲနှုတ်ဆက်ဖို့မတ်တပ်ရပ်လိုက်တယ်

Grew Up To Be Your Husband (Translation) (Completed)Donde viven las historias. Descúbrelo ahora