Unicode
"Sir ကျွန်တော်ဘာလို့ရုတ်တရက်ကြီးရာထူးတိုးသွားတာလဲ? ကျွန်တော်ရာထူးတိုးဖို့အထိဘာမှသေသေချာချာမလုပ်ထားပါဘူး"
Xiao Zhan သူဘာလို့ CEO လက်ထောက်အဖြစ်ရာထူးတိုးသွားလဲဆိုတာနားမလည်နိုင်တာကြောင့်ထုတ်မေးလိုက်တော့ CEO ကစားပွဲပေါ်လက်တင်ပြီးမေးစေ့အောက်လက်ထောက်ရင်း...
"မင်းကရာထူးမတိုးချင်ဘူးလား?"
Xiao Zhan ဂုတ်ကိုပွတ်ရင်း...
"အင်း! မဟုတ်ဘူးကျွန်တော်ပြောတာ အာ... ကျွန်တော်ရာထူးတိုးချင်ပါတယ် ဒါပေမယ့်ကျွန်တော်ကအဲ့ရာထူးအတွက်ထိုက်ထိုက်တန်တန်ဘာမှမလုပ်ထားတော့စိတ်ထဲတစ်မျိုးဖြစ်နေလို့ပါ"
CEO ကဘာမှမပြောဘဲသူ့ကိုပဲစိုက်ကြည့်နေတာကြောင့် Xiao Zhan လန့်လာတယ်
"လက်မခံဘူးဆိုတာမျိုးကိုမလိုချင်ဘူး"
CEO ကပြောပြီးတော့ Xiao Zhan ဖျော်ပေးထားတဲ့ကော်ဖီကိုသောက်တယ်
"ကျွန်တော့်ကိုစဉ်းစားဖို့အချိန်နည်းနည်းလောက်ပေးနိုင်မလား sir? ပြီးတော့ sir ကရောလူရွေးမမှားဘူးဆိုတာသေချာလို့လား? ကျွန်တော်ကသာမန်ဝန်ထမ်းတစ်ယောက်ပါ ကျွန်တော့်အထင်တော့တစ်ခြားတစ်ယောက်ယောက်ကမှဒီရာထူးနဲ့သင့်တော်..."
"ကိုယ့်ကိုကိုယ်အထင်သေးနေတာတော်လိုက်တော့"
CEO ကအေးစက်စက်နဲ့သူ့စကားကိုဖြတ်ပြောတော့ Xiao Zhan တစ်ယောက်ချက်ချင်းကိုပါးစပ်ပိတ်သွားတော့တယ်
"မင်းကအလုပ်ကြိုးစားတဲ့သူလို့ငါကြားထားတယ် ပြီးတော့မင်းဖျော်တဲ့ကော်ဖီကိုငါကြိုက်တယ်"
CEO ကချီးကျးလိုက်တော့ Xiao Zhan စိုးရိမ်စိတ်တွေနေရာမှာပျော်ရွှင်မှုတွေအစားထိုးသွားတယ် ဒီရုံးမှာဘယ်သူမှသူ့ကိုမချီးကျူးဖူးကြဘူး အများစုကအပြစ်ပြောကြ ဆူကြ ပူကြ တဲ့သူတွေချည်းပဲ ဥပမာ He Peng လိုမျိုးပေါ့
Xiao Zhan မပြုံးဘဲမနေနိုင်တာကြောင့်ပြုံးလိုက်ပြီး...
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုစဉ်းစားဖို့အချိန်နည်းနည်းပဲပေးပါ sir"
CITEȘTI
Grew Up To Be Your Husband (Translation) (Completed)
FanfictionUnicode ကလေးတစ်ယောက်ကသူ့ကိုပေးထားတဲ့ကတိကိုဘယ်လောက်ထိအလေးအနက်ထားလဲဆိုတာသင်မသိနိုင်ဘူး ဒီ fic ဘာသာပြန်ခွင့်ပေးတဲ့မူရင်းအာသာ Endless_Infinity ကို crd ပေးပါတယ်နော် If you want to read thr original fiction, you can go to my wall. There is a reading list...