Epilogue

6.3K 394 10
                                    


Unicode


------------------------------------------

မူရင်းအာသာပြောထားတာကတော့ဒီအပိုင်းက draft ထဲမှာရှိနေတာကြာပြီတဲ့ သူဒီအပိုင်းကိုအစကမရေးဖို့လုပ်ထားပေမယ့်readerလေးတွေကရေးပါဆိုလို့ရေးလိုက်တာပါတဲ့ ပြီးတော့စာလည်းပြန်မဖတ်ထားဘူးလို့ပြောထားပါတယ် ကြည့်ရတာသူ့ဘာသာရေးပြီးမျက်နှာပူလို့ဖြစ်မယ်😅😅 နိုနိုဆိုကိုယ့်ဘာသာရေးဖို့နေနေသာသာဘာသာပြန်တာတောင်ရေးနေရင်းနဲ့နားတွေပူတက်လာတာ ဖတ်ရင်ကျတော့ဘယ်လိုမှမနေဘူး ထူးဆန်းတယ်🙄🙄

----------------------------------------------

မင်္ဂလာပွဲကညလယ်လောက်ကျမှပြီးသွားတယ် လူတိုင်းကသူတို့ကိုဂုဏ်ပြုကြတာကြောင့် Xiao Zhan ငိုတောင်ငိုမိတယ် သူ့မိဘတောင်တွေမှသူ့အတွက်ဂုဏ်ယူပြီး သူနဲ့ Yibo ကိုဖက်သေးတယ် အခုဆိုရင်စားသောက်ဆိုင်ကကြည်နူးဖွယ်ရာအဖြစ်အပျက်ဖြစ်ပြီးတာတစ်နှစ်တောင်ရှိပြီ အတိုချုန်းပြောရရင်အဲ့တုန်းက Ms.Qi ကတစ်ချိန်လုံး Xiao Zhan ကိုစမ်းသပ်နေတာဖြစ်ပြီး သူမနဲ့ Yibo ကလည်းငယ်သူငယ်ချင်းတွေဆိုတော့ အင်း...ဆော့နေကြတာလို့ပဲပြောရမှာပေါ့

အရိုးသားဆုံးပြောရရင်တော့ Xiao Zhan ရဲ့ဘဝကိုပိုကောင်းသွားစေတယ် သူတို့အနာဂတ်မှာအခက်အခဲတွေရှိနိုင်တယ်ဆိုတာ Xiao Zhan သိပေမယ့် သူတို့နှစ်ယောက်လုံးအဲ့အခက်အခဲတွေအကုန်လုံးကိုအတူတူရင်ဆိုင်နိုင်လိမ့်မယ်ဆိုတာသေချာတယ်

ကြင်စဦးလင်လင်နှစ်ယောက်ကတော့တစ်နေကုန်လက်ထပ်ပွဲမှာဧည့်ခံထားရတာကြောင့်ခြေကုန်လက်ပန်းနေကြပြီ

"Bo-di အခုမှ ge သတိရတယ် မင်းငါ့ထက်အရပ်ရှည်မှငါ့ကိုလက်ထပ်လို့ရမယ်လို့ပြောခဲ့တာမလား"

Xiao Zhan ကသူ့ဘေးမှာထိုင်နေတဲ့သူ့ယောက်ျားချောချောလေးကိုခနဲ့ပြုံးနဲ့ပြုံးကြည့်ရင်းပြောတယ်

"ဒါပေမယ့်ကြည့်ရတာတော့ငါကမင်းထက်ပိုရှည်သလိုပဲ"

"ge ထက်ပိုရှည်တဲ့တစ်ခြားဟာတွေရှိတယ်"

Wang Yibo ကတိုးတိုးလေးပြောလိုက်တာပေမယ့် Xiao Zhan ကြားသွားပြီးချောင်းထဆိုးတော့တယ် အရှေ့ခန်းကဒရိုင်ဘာဆီကနေတောင်မှချောင်းဆိုးသံတိုးတိုးလေးထွက်လာတယ်

Grew Up To Be Your Husband (Translation) (Completed)Where stories live. Discover now