Unicode
တစ်နှစ်ဆိုတဲ့အချိန်ကမျက်စိတစ်မှိတ်အတွင်းမှာပင်ကုန်ဆုံးသွားတယ် အခုဆို Xiao Zhan ကဆယ့်နှစ်နှစ်ရှိနေပြီဖြစ်ပြီး Wang Yibo ကငါးနှစ်ဖြစ်နေပြီ Xiao Zhan အစတုန်းကထင်တာက Wang Yibo ကတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ကောင်လေးတစ်ယောက်လို့ ဒါပေမယ့်နောက်ပိုင်းမှာအဲ့ကောင်လေးကပေါက်တတ်ကရတွေပြောတတ်မှန်းသိလာတယ် သူလည်းအဲ့ကောင်လေးအဲ့လိုပြောတာကိုနားထောင်ရတာကြိုက်တယ် သူတို့နှစ်ယောက်ကတစ်ယောက်အိမ်တစ်ယောက်သွားအိပ်တတ်သလိုစနေတနင်္ဂနွေတွေမှာတောင်တစ်နေကုန်ကစားကြတယ် နွေရာသီကျောင်းပိတ်ရင်လည်းအပြင်လျှောက်သွားကြတယ် သူတို့နှစ်ယောက်ကိုခွဲမြင်တဲ့အချိန်ဆိုတာရှားလွန်းတယ်
ဒါပေမယ့်လည်းသူတို့ရဲ့ခင်မင်မှုအချိန်လေးကတစ်နှစ်ပဲခံခဲ့တယ်
Wang Yibo ကမဟော်ဂနီပင်ပေါ်တက်ပြီး Xiao Zhan ကိုကြည့်နေတယ်
"အဲ့ကောင်ကြီးကိုဝေးဝေးပစ်လိုက် ge !"
Wang Yibo ကသစ်ကိုင်းတစ်ကိုင်းမှာမျောက်လိုတွဲခိုရင်းအော်ဟစ်နေတယ်
Xiao Zhan ရယ်လိုက်ပြီး...
"ok နှံကောင်ကိုမြက်ခင်းထဲထားလိုက်မယ် ဟုတ်ပြီလား?"
Xiao Zhan ပြောတဲ့မြက်ခင်းဆိုတာသူတို့ဘေးနားကအဖြူရောင်မှိုသေးသေးလေးတွေနဲ့နေရာကိုပြောတာဖြစ်တယ် သူနှံကောင်ကိုယူပြီးပစ်လိုက်တယ်
"Yibo အခုဆင်းလာလို့ရပြီ!"
Xiao Zhan ကအပင်အောက်ကနေအော်ပြောတော့ Yibo သူ့ကိုမျက်မှောင်ကြုတ်ကြည့်လာတယ်
"ဒါကဒီအပတ်မှာသုံးကြိမ်မြောက်ဘဲ"
Wang Yibo ကမျက်ရည်သုတ်ရင်းပြောတယ်
Wang Yibo စကားကြောင့် Xiao Zhan အပြစ်မကင်းသလိုခံစားသွားရတယ်
"ဘာအကောင်မှမရှိတော့ဘူး"
Xiao Zhan ကသူ့လက်ကိုကြက်ခြေခတ်ပုံစံလုပ်ပြရင်းပြောတယ်
Wang Yibo အပင်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းလာပြီး Xiao ge ကိုထိုးလိုက်တယ်
"ရား! ဘာအကောင်မှမရှိတော့ဘူးလို့ပြောပြီးပြီလေ!"
"ခုနကအတွက်"
YOU ARE READING
Grew Up To Be Your Husband (Translation) (Completed)
FanfictionUnicode ကလေးတစ်ယောက်ကသူ့ကိုပေးထားတဲ့ကတိကိုဘယ်လောက်ထိအလေးအနက်ထားလဲဆိုတာသင်မသိနိုင်ဘူး ဒီ fic ဘာသာပြန်ခွင့်ပေးတဲ့မူရင်းအာသာ Endless_Infinity ကို crd ပေးပါတယ်နော် If you want to read thr original fiction, you can go to my wall. There is a reading list...