Unicode
"congratulation ပါ!! ဘာလို့ကျွန်မတို့ကိုမပြောဘဲဖုံးကွယ်ထားရတာတုန်း??"
Mianmian က Xiao Zhan ကိုပုတ်ပြီးစလိုက်တယ်
Xiao Zhan ကသူ့ပစ္စည်းတွေကိုဘူးထဲထည့်ပြီးတိတ်နဲ့ပိတ်ရင်း...
"ကျွန်တော်လည်းမသေချာသေးလို့ပါ"
Mianmian ကခေါင်းခါရင်း...
"အိုက်ရီးဂူး Mr.Zhan ကတစ်ခြားဌာနကိုပြောင်းတော့မယ် အခုထိဟိုတစ်ယောက်ဘယ်သူလဲမသိသေးဘူး"
Yu Bin သူတို့နှစ်ယောက်ဘက်လှည့်လာပြီး...
"ဒီနေ့အဲ့တစ်ယောက်ဘာမှမပေးတာအံ့ဩနေတာ"
"Mr.Zhan ပြောင်းတော့မယ်ဆိုတော့စိတ်ပျက်သွားလို့များလား?? အခုဆို Mr.Zhan က CEOနဲ့ရှစ်လွှာမှာလုပ်ရတော့မှာဆိုတော့လက်ဆောင်ပို့လို့မရတော့ဘူး"
Mianmian ပြောရင်းနဲ့သက်ပြင်းချလိုက်ပြီး...
"ကျွန်မမှာလည်းအဲ့လိုတစ်ယောက်လောက်ရှိရင်ကောင်းမယ်"
"ဘာပြောရမလဲတောင်မသိတော့ဘူး လက်ဆောင်တွေအများကြီးရထားပေမယ့် ပေးတဲ့သူဘယ်သူလဲတောင်သိဘူး"
Xiao Zhan ကလွန်ခဲ့တဲ့သုံးရက်ကသူလက်ခံရထားတဲ့လက်ဆောင်တွေကိုပြန်စဉ်းစားရင်းပြောတယ်
"သူကနာမည်မှမတပ်ထားတာ ဟုတ်တယ်မလား"
လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကဝင်ပြောတယ်
သူတို့ပြောနေတုန်းရုတ်တရက်တံခါးကဘန်းခနဲပွင့်သွားတယ် လူတိုင်းကတရားခံကိုလှမ်းကြည့်လိုက်ကြတယ်
ထုံးစံအတိုင်းတရားခံကတော့မျက်မှောင်ကြီးကြုတ်ထားတဲ့ He Peng ပါပဲ တစ်ချို့တွေကသူတို့အလုပ်စားပွဲကိုပြန်သွားကြပြီး ချောင်းဟမ့်သံတွေထွက်လာတယ် He Peng လက်ခုပ်နှစ်ချက်တီးပြီးတော့ Xiao Zhan နားရောက်လာတယ်
"wow ရုတ်တရက်ရာထူးတိုးသွားတာယုံတောင်မယုံနိုင်ဘူး"
He Peng ကထေ့ငေါ့ပြီးပြောတယ် Xiao Zhan ကတော့ဘာမှပြန်မပြောဘဲဒီတိုင်းငြိမ်ငြိမ်လေးနေနေတယ်
YOU ARE READING
Grew Up To Be Your Husband (Translation) (Completed)
FanfictionUnicode ကလေးတစ်ယောက်ကသူ့ကိုပေးထားတဲ့ကတိကိုဘယ်လောက်ထိအလေးအနက်ထားလဲဆိုတာသင်မသိနိုင်ဘူး ဒီ fic ဘာသာပြန်ခွင့်ပေးတဲ့မူရင်းအာသာ Endless_Infinity ကို crd ပေးပါတယ်နော် If you want to read thr original fiction, you can go to my wall. There is a reading list...