အပိုင်း ( ၁၂ )Unicode

672 64 1
                                    

စီချွမ်း အလုပ်ကနေပြန်ရောက်ကတည်းက ညစာစားခါနီးထိ ကျန့်လေး ပြန်လာတာကို မမြင်တာကြောင့် ထမင်းပွဲပြင်နေတဲ့ မိန်းမဖြစ်သူကို မေးလိုက်သည်။

"ဖေးဖေး.. ကျန့်လေး ပြန်မရောက်သေးတာလား "

"ညနေတည်းက ပြန်ရောက်ပြီ ကော...ကျန့်ကျန့်မျက်နှာမကောင်းဘူး.. သူ့ပါဆယ်ရောက်နေလို့တောင် ဖေးဖေးပေးလိုက်သေးတယ်" ( စီချွမ်းက ဖေးဖေးထက်ကြီးတာကြောင့် ကောလို့ ခေါ်ခြင်းဖြစ်သည်။)

"အင်း ဒါဆို ကျန့်လေးကို ကောသွားကြည့်လိုက်အုံးမယ်.. မားကို ခေါ်ပြီး စားနှင့်လေ "

စီချွမ်း မိန်းမဖြစ်သူကိုမှာပြီး ကျန့်လေးအခန်းဖက်ကိုလျှောက်လာခဲ့လိုက်သည်။ဒီကောင်လေး ခုတလော မျက်နှာမကောင်းပြန် နောက်လပဲ မဂ်လာ‌ဆောင်ရတော့မည့်မို့ စီချွမ်းတစ်ဦးတည်းသော ညီလေးကို စိတ်ပူမိပြန်သည်။ အခန်းတံခါးကိုခေါက်လိုက်ပြီး ကျန့်လေး ..ကော ၀င်ခဲ့မယ်နော် ဆိုပြီး အသံပေးပေမယ့် ဘာမှပြန်မပြောတာကြောင့် အခန်းတံခါးကိုဖွင့်ကာ ၀င်လိုက်တော့...

"ကျန့်လေး..ဘာဖြစ်တာလဲ ..လက်မှာလဲသွေးတွေနဲ့ .... " ( သွေးတောက်တောက်ကျနေတဲ့လက်မှာ စာတစ်စောင်ကို ကိုင်ထားပြီး ငိုနေတာကြောင့် စီချွမ်း စိတ်ပူသွားသည်။ )

"ကော.... ကျွန်တော်သေချင်တယ် .. ကျွန်တော် အသက်ရှင်နေဖို့မကောင်းအောင်ကို သတ္တိကြောင်တဲ့ကောင်" ( ရှောင်ကျန့် ၀မ်းနည်းစွာပြောလိုက်သည်)

" ကျန့်လေး..ဘာတွေပြောနေတာလဲ.. စိတ်အေးအေးထားပြီး ကောနားလည်အောင်ရှင်းပြပါအုံး "

ဒီလိုပုံစံနဲ့ ဒီလိုစကားမျိုးကို ကျန့်လေးဆီက တစ်ခါမှမကြားဖူး မမြင်ဖူးတာကြောင့် စီချွမ်းရဲ စိုးရိမ်မှုတွေပိုမိုမြင့် တက်လာကာ မေးလိုက်တော့ ကျန့်လေးက သူ့လက်ထဲကိုင်ထားတဲ့ စာရွက်လေးကိုပေးလာသည်။ စီချွမ်းလို ဘာမှ အကြောင်းစုံ မသိတဲ့သူတောင် ဒီစာလေးကိုဖတ်ပြီး ၀မ်ရိပေါ် ဆိုတဲ့ကောင်လေး ကျန့်လေးကို ဘယ်လောက် ချစ်တယ် ဆိုတာ ခံစားလိုက်မိသည်။

" ကျန့်လေး.. ၀မ်ရိပေါ်ဆိုတဲ့ ကောင်လေးကို ချစ်လား " ( ကျန့်လေးသာ ၀မ်ရိပေါ်ကို မချစ်ဘူးဆိုရင် ခုလိုပုံစံနဲ့ သေချင်တယ်ပြောမှာမဟုတ်ပေ။ ကျန့်လေးက သူ့အတွေးတွေနဲ့သူ ချောင်ပိတ်နေတတ်တာမို့ ကိုယ့်ကိုကိုယ်သိအောင် စီချွမ်းတမင်‌မေးလိုက်ခြင်းဖြစ်သည်။)

The Moon Represents My Heart ( Complete )Место, где живут истории. Откройте их для себя