ရိပေါ် မင်းအသံလေးတွေ စကားလေးတွေ မကြားရတဲ့နေ့ရက်တိုင်း ကိုယ်အဆင်ပြေမနေဘူး.။ ကိုယ်သောက်လေ့မရှိတဲ့ ခါးပါတယ်ဆိုတဲ့ ကော်ဖီခါးခါးတောင် မင်းအကြောင်းတွေးမိတော့ အရသာပျောက်ကုန်တယ် ။ မင်းကို သတိရလိုက်တာ ဆိုတာထက် လွမ်းတယ်ဆိုရင် ပိုမှန်မယ် ရိပေါ်...။ မင်းရဲ့ ချယ်ရီသီးရောင် နှုတ်ခမ်းလေးကို လွမ်းတယ် ရိပေါ်.. မင်းမသိအောင် ခိုးကြည့်ခဲ့ရလို့...။
မင်းရဲ့ ကလေးဆန်ဆန်အပြုံးနုနုလေးတွေကိုလဲလွမ်းသလို.. ..တွတ်တီးတွတ်တာနဲ့ ဂျီကျတာလေးကိုလဲ လွမ်းတယ်...။ စိတ်ပူလို့ပါဆိုတဲ့ မင်းရဲ့ စကားသံလေးတွေကို တမ်းတမိသလို ကျန့်ကောလို့ ခေါ်တဲ့ မင်းရဲ့ သြရှရှအသံချိုလေးကို ကြားရောင်နေမိတယ်။ မင်းပျော်နေရဲ့လား..ရိပေါ်.. ကိုယ့်ခံစားချက်တွေကတော့ အရာရာလစ်ဟာနေသလိုပဲ..။
ရှောင်ကျန့် အလိုလိုနေရင်း မွန်းကြပ်လွန်းလို့ ညဖက်ကြီး အိမ်ကထွက်လာပြီး ဦးတည်ရာမဲ့ ကားကိုလျှောက်မောင်းနေ လိုက်တယ်။ ဒါပေမယ့် နောက်ဆုံးရောက်သွားတာက ရိပေါ်ရဲ့ အဆောင်ရှေ့... ည ၁၁ နာရီခွဲနေပြီ။ အဆောင်သား တစ်ချို့ရဲ့ သီချင်းဆိုသံသဲ့သဲ့ကို ကြားနေရပေမယ့် မင်းများ အိပ်ပျော်နေပြီလား..ရိပေါ်...။ ကိုယ့်ကိုလောဘနဲနဲကြီးခွင့်ပြု ပါလား.. ရိပေါ်။ ရှောင်ကျန့် ၀မ်ရိပေါ်ဆီ ဖုန်းခေါ်လိုက်သည်။
၀မ်ရိပေါ် အိပ်ယာထက်မှာ အိပ်မပျော်လို့ လူးလိမ့်နေတယ်..ဂိမ်းထဲ စိတ်နှစ်ပြီးဆော့တော့လည်း စိတ်မပါလို့ ဆော့ချင်စိတ်မရှိ။ ဒီခံစားချက်တွေနဲ့ ဘာလို့နေသားမကျနိုင်သေးတာပါလိမ့်လို့ တွေးရင်း ရုတ်တရက်ဖုန်းမြည် လာတာကြောင့် ကြည့်လိုက်တော့...."ကျန့်ကော..." တဲ့.... ဘုရားရေ.. ခင်ဗျားကြီး ကျနော့်ဆီဖုန်းခေါ်နေတာလား ? ၀မ်ရိပေါ်တွေးရင်း ဖုန်းကိုမ၀ံ့မရဲကိုင်လိုက်သည်။
" ရိပေါ်... " ( Ring မြည်နေပြီး တော်တော်နဲ့ဖုန်းမကိုင်တာကြောင့် သူဖုန်းပြန်ချကာနီးကျမှ ဖုန်းကိုင်လိုက်တာကြောင့် ရှောင်ကျန့် အလျင်လိုစွာခေါ်လိုက်သည်)
" ကျန့်..ကော " ( ၀မ်ရိပေါ် လှုပ်ရှားလွန်းတဲ့စိတ်ကြောင့် အသံကိုမနည်းညှစ်ထုတ်ပြီး ခေါ်လိုက်သည်)
![](https://img.wattpad.com/cover/260734392-288-k508177.jpg)
CZYTASZ
The Moon Represents My Heart ( Complete )
Fanfictionဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန်ဘ၀အခြေအနေမျိုးလေးနဲ့ရေးကြည့်ပါမယ်နော်။ ဇာတ်လမ်းမှာ ပါ၀င်မယ့် ဇာတ်ရံနာမည်လေးတွေကို အဆင်ပြေသလိုသုံးသွားမှာမို့ နားလည်ပေးကြပါနော််။ အားပေးကြပါအုံး။ Zawgyi ဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန...