အပိုင်း ( ရ ) Unicode

597 64 1
                                    

မာမားကိုခေါင်းငြိမ့်ပြရင်း အိမ်ထဲကနေခပ်မြန်မြန် ထွက်လာလိုက်ပြီး ကားပေါ်တက်ကာ ရှောင်ကျန့် ရိပေါ်အဆောင်ကို ဦးတည်လိုက်သည်။ fb ပေါ်က သူနဲ့ သူငယ်ချင်းပုံတွေကို မြင်ပြီး ကောင်‌လေး စိတ်ကောက်နေတာလား ၊ အထင်လွဲသွားတာလား၊ ဒါမှမဟုတ် ရိပေါ်နဲ့လျှောက်လည်ဖို့ ပြောထားပြီး မှ ဖျက်လိုက်တာ ကြောင့်လား။ ရိပေါ်က တော်ရုံ စိတ်မကောက်တက်သလို ဖုန်းလဲ ပိတ်မထား တက်‌တာ ရှောင်ကျန့်သိသည်။

ရှောင်ကျန့် ရိပေါ်နဲ့ စပြီး သိကတည်းက သူ့ကို စိတ်ညစ်အောင် တစ်ခါမှမလုပ်ဖူးပေ။ ရှောင်ကျန့်ကို အမြဲပျော်ရွင်အောင်ထား တက်တဲ့ ရိပေါ်က သူနဲ့ပတ်သက်ရင် စိတ်ထဲအတွေးများပြီး ကျိတ်ခံစားတက်သည်။ ခုလဲ အဲ့လိုပဲ ဖြစ်မှာပါ... ရှောင်ကျန့်တွေးရင်း အဆောင်ရှေ့ရောက်တာကြောင့် ကားရပ်ပြီး ဖုန်းထပ်ခေါ်ပေမယ့် စက်ပိတ်ထားတုန်းပင် ။

ရှောင်ကျန့် ကားပေါ်က ဆင်းပြီး အဆောင်ထဲ၀င်လာလိုက်ကာ ရိပေါ် ကိုမေးလိုက်သည်။ အဆောင်နေ ကောင်လေးတစ်ယောက်က ရိပေါ်အခန်းကို ညွှန်ပြကာ ၀င်သွားလို့ရတယ်ပြောတာကြောင့် ရှောင်ကျန့် ၀င်လာလိုက်ပြီး အခန်းတံခါးကိုခေါက်လိုက်သည်။

"ဒေါက်...ဒေါက် "

၀မ်ရိပေါ် တစ်နေကုန် ညစ်ညစ်နဲ့လှိမ့်ပိတ်အိပ်နေလိုက်သည်။ ကျန့်ကောအကြောင်းကိုတွေးလိုက်ရင် ၀မ်းနည်းလာတာ ကြောင့် တွေးလဲမတွေးချင် မတွေးပဲနဲ့လည်း မနေနိုင် .... သက်ပြင်းအခါခါချရင် ဟိုလူး ဒီလှိမ့်နဲ့.. ရုတ်တရက် တံခါးခေါက်သံကြောင့် စိတ်တိုသွားကာ.. ဒီမှာ ဖီးလ်နေရတဲ့ကြားထဲ ဘယ်သူအာရုံ လာနောက်ပြန် ပြီလဲဆိုပြီး မထချင်ထချင်နဲ့ ထကာ တံခါးကို ဆွဲအဖွင့်...............။

"ကျန့်ကော..." ( ၀မ်ရိပေါ် တံခါး၀မှာ ကျန့်ကောကိုမြင်လိုက်ရတဲ့အတွက် အံ့သြသွားသည်။)

"ရိပေါ် " ( ရှောင်ကျန့် ဆံပင်ထဲဖရိုဖရဲနဲ့ မျက်နှာစူပုတ်ကာ တံခါးလာဖွင့်တဲ့ ရိပေါ်ကို ပြုံးပြီးကြည့်နေလိုက်သည်)

"ဘယ်လိုရောက်တာလဲ ကျန့်ကော "

"မင်းက ဖုန်းပိတ်ထားတာကိုး .. ကိုယ့်ကို ဒီလိုပဲရပ်ခိုင်းထားမှာလား "

The Moon Represents My Heart ( Complete )Où les histoires vivent. Découvrez maintenant