၀မ်ရိပေါ် သူ့အပေါ်ကနေ ဘယ်တုန်းကတဲက ငတ်ပျတ်နေမှန်းမသိပဲ နမ်းနေတဲ့ ကျန့်ကောကြောင့် အသက်ရူမ၀ဖြစ်လာ ကာ တွန်းထုတ်ပေမယ့်မရတာကြောင့် ရင်ဘတ်ကို ဆွဲလိမ်ပစ်လိုက်သည်။
" အား ..." ( ရှောင်ကျန့် ဆွဲလိမ်ခံရတာကြောင့် လွှတ်လိုက်တော့ ပါးစပ်လေးဟပြီး အသက်ရူနေတဲ့ ရိပေါ်ရဲ့ ပုံစံလေးကြောင့် ပြုံးလိုက်သည်။ )
" ဖယ်.. ငတ်နေတာလား ခင်ဗျားကြီး " ( ၀မ်ရိပေါ် ကိုယ်ပေါ်က ကျန့်ကောကို တွန်းချလိုက်ချကာ ပြောလိုက်ပြီး ထထိုင်လိုက်သည် )
" အင်း ..လွမ်းနေတာလေ... "
" အပိုတွေ.. ထ ပြန်ကြမယ်..မြေကြီးမှာ လှဲမနေနဲ့တော့ အေးတယ်.."
" နေပါဦး.. နေရတာ ကောင်းလွန်းလို့.."
" နေမကောင်းပြန်ဖြစ်နေမယ်လေ... "
"မင်း ရှိတာပဲဟာ..."
"လျှောက်ပြောမနေနဲ့.. မားက နေကောင်းရင် အိမ်မှာထမင်းလာစားဖို့ ခေါ်ထားတယ်"
" ဟီး ၀မ်ပါးကိုတော့ နဲနဲကြောက်တယ်.. ရိပေါ် ကိုယ့်ကို ကာကွယ်ပေးမယ်မလား "
" ခင်ဗျားပြောတော့ အကုန်ရင်ဆိုင်နိုင်တယ်ဆို.." ( ၀မ်ရိပေါ် သူ့ကို မျက်နှာမချိုမချဥ်နဲ့ သွားဖြဲကာ ပြောနေတဲ့ ကျန့်ကောကို ပြောကာ ရှေ့ကနေ ထွက်လာလိုက်သည်။ )
" ရင်ဆိုင်မယ်.. ရင်ဆိုင်မယ်.. ဘာပဲဖြစ်ဖြစ်..." ( ပြောပြီး ထထွက်သွားတဲ့ ရိပေါ်နောက်ကို ရှောင်ကျန့် ကုန်းရုန်းထကာ လိုက်လာလိုက်သည်။ )
"ကျန့်ကော.. ဒီမှာ ဘယ်လောက်ထိနေမှာလဲ " ( လမ်းလျှောက်လာရင်း ၀မ်ရိပေါ် ကျန့်ကေ ဘယ်နေ့ပြန်မလဲလို့ တဲ့တိုးမမေးချင်တာကြောင့်)
" မင်း လက်ခံနိုင်တဲ့ထိပေါ့.. " ( ရှောင်ကျန့် ပြုံးစိစိတဲ့ဖြေတော့ )
" အကောင်းမေးတာ. ကော အတွက် အ၀တ်စား၀ယ်ရအောင်လို့လေ.. "
" ကိုယ့်အ၀တ်တွေပါတယ်လေ.. ကားပေါ်မှာ အိတ်ကျန်ခဲ့လို့ " ( ရိပေါ်မားတို့အိမ်မှာ ကားထားခဲ့တာကြောင့် )
" ကား နာမည်ပြော... ဘာတွေဒီလောက်လောနေလို့ အိတ်တောင်ကျန်ခဲ့လဲမသိဘူး " ( ၀မ်ရိပေါ် ပွစိပွစိ ပြောရင်း ကားလိုင်းနာမည်မေးလိုက်သည်။ )
![](https://img.wattpad.com/cover/260734392-288-k508177.jpg)
YOU ARE READING
The Moon Represents My Heart ( Complete )
Fanfictionဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန်ဘ၀အခြေအနေမျိုးလေးနဲ့ရေးကြည့်ပါမယ်နော်။ ဇာတ်လမ်းမှာ ပါ၀င်မယ့် ဇာတ်ရံနာမည်လေးတွေကို အဆင်ပြေသလိုသုံးသွားမှာမို့ နားလည်ပေးကြပါနော််။ အားပေးကြပါအုံး။ Zawgyi ဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန...