အပိုင်း ( ၁ ) Zawgyi

787 25 1
                                    

ကျွန်တော် နာမည်က ၀မ်ရိပေါ် အသက် 23 နှစ် XZYB Travel & Tour Company မှာ လုပ်ပါတယ်။ ကျနော် ရန်ကုန်ကိုရောက်တာ ၆လ လောက်ရှိပြီး XZYB မှာ အလုပ်ဝင်တာတော့ ၃ လလောက်ရှိပြီ။ ကျနော့် ဇာတိက ရှမ်းပြည်နယ်တောင်ပိုင်းက ထင်းရူးနံ့သင်းသင်းလေးတွေရှိတဲ့ ကလောဆိုတဲ့ မြို့လေးပါ။ ရန်ကုန်ကို တက်လာရတဲ့အကြောင်းအရင်းကတော့ ၃နှစ်နီးပါး ကြိုက်လာတဲ့ ကျနော့်ရည်းစား ယောက်ျားယူသွားလို့ပါ။ ကျနော်မဟုတ်တဲ့ သူ့အိမ်ကပေးစားတဲ့ သူ့ကိုပြည့်စုံအောင်ထိုင်ထားနိုင်တယ်ဆိုတဲ့ ယောက်ျား တစ်ယောက်နဲ့ပေါ့...။


ကျနော်မိဘတွေက ချမ်းသာတဲ့စာရင်းထဲမပါပေမယ့် တစ်နေ့ထမင်း ၃နပ်လုံလောက်အောင်စားနိုင်တဲ့ အေးအေးချမ်းချမ်းနေတဲ့သူတွေပါ။ သူလိုချင်တဲ့ စည်းစိမ်ချမ်းသာမျိုး မရှိတော့လည်း ကျနော့်ကို စွန့်ခွာသွားတဲ့အတွက် ၀မ်းမနည်းပါဘူး။ သူ့မနာမည်က ယွန်းယွန်းတဲ့..။ ကျနော်တို့ ချစ်သူတွေဖြစ်တာ သာမန်ရိုးကျပါပဲ။ တက္ကသိုလ်ကျောင်းစတက်တဲ့အချိန်မှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး ‌ကျောင်းပြီးတော့ ချစ်သူတွေဖြစ်ခဲ့ကြတယ်။


ကျနော် ကျောင်းပြီးတော့ မိဘတွေရဲ့ ခြံလုပ်ငန်းသေးသေးလေးမှာပဲ ၀ိုင်းကူလုပ်ရင်း ယွန်းယွန်းနဲ့ ချစ်သူသက်တမ်း ၃နှစ်နီးပါး ဖြစ်သွားခဲ့တယ်။ သူလက်မထပ်ခင်နေ့အထိ ကျနော်တို့ ဆက်ဆံရေးက အေးအေးဆေး ဘာပြဿနာမှမရှိခဲ့ပါဘူး။ ကျနော်အဖြစ်က ရီစရာကောင်းတယ်ဗျ...သူမ မဂ်ဆောင်တဲ့နေ့မှ သူငယ်ချင်းတွေပြောပြလို့ သိရတဲ့အခြေအနေမျိုး ....။


ကျနော် မအံ့သြပဲနေမလား...မာနကြီးတဲ့ ကျနော်က ကိုယ့်ရည်းစား တစ်ယောက်လုံး ယောက်ျားယူသွားတာ ကိုတောင် မသိဘူးလားဆိုပြီး ၀ိုင်းမေးကြတဲ့ သူငယ်ချင်းတွေကြား ရှက်လဲရှက်တယ်ဗျာ။ အချစ်က ပုံပြောကောင်းလွန်းခဲ့တယ်။


ကလောမြို့လေးက ကျဉ်းကျဉ်းလေးလေ ဒီအကြောင်းကို ကျနော့်မိဘလဲကြားတာပေါ့။ တစ်ဦးသောသားဖြစ်တဲ့ကျနော့် ကို စိတ်လေသွားမှာ စိုးတာကြောင့် ရန်ကုန်မှာရှိတဲ့ ပါးပါး သူငယ်ချင်းအိမ်မှာနေပြီး ၀ါသနာပါတဲ့ သင်တန်းတွေတက်ဖို့ လွှတ်ခဲ့တယ်။ ကိုယ့်ကိုကိုယ်ပဲ အားကိုးချင်တဲ့ ကျနော်က အဆောင်မှာပဲနေပြီး သင်တန်းတက်ရင်း အလုပ်ရှာခဲ့တာပေါ့။

The Moon Represents My Heart ( Complete )Opowieści tętniące życiem. Odkryj je teraz