အပိုင်း ( ၂၁ ) Unicode

528 59 1
                                    

ကျနော်နဲ့ ကျန့်ကော ဖေးဖေးကျဲတို့ တိုက်ခန်းလေးမှာ နေဖြစ်ခဲ့တာ ခုဆို တစ်လကျော်ပြီ။ မနက်ဆို ကျန့်ကောက ကျနော့်ကိုရုံးလိုက်ပို့ပေးပြီး အပြန်ကတော့ ကျနော် နောက်ကျရင် သူလာကြိုပေးတက်ပြီး ကျန့်ကော နောက်ကျရင်တော့ ကျနော်ဖာသာပဲ ပြန်ပြီး ရှောင်းမားတို့အိမ်မှာပဲ စောင့်ပြီး ညစာစားပြီးမှ ပြန်လေ့ရှိကြတယ်။ ပိတ်ရက်ဆိုရင်တော့ အိမ်မှာ နှစ်ယောက်သား သန့်ရှင်းရေးလုပ် အနားယူကြတာများတယ်။ တစ်ခါတလေတော့ အပြင်ထွက်လည်ဖြစ်တယ်။

မြန်မာနိုင်ငံမှာ လိင်တူချစ်ကြ တာကို အရင်ကထက်အမြင်ကျယ်လာပြီဆိုပေမယ့်လည်း ကိုယ့်ထမင်းကိုယ်စားပြီး သူများမကောင်းကြောင်း ပြောတတ်တဲ့သူက ၅၀ရာခိုင်နှုန်းနီးပါလောက် ကျန်သေးတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်နဲ့တစ်ယောက် နှစ်ဦးသဘောတူ ချစ်ကြတာက ယောကျ်ားမှလို့ ..မိန်းမပဲ ဖြစ်ရမယ်လို့ ခွဲခြားစရာ လိုလို့လား။ ကိုယ့်ဆန္ဒအလျောက် မည်သူ့ကိုမဆို လွတ်လပ်စွာ (လွတ်လပ်သူအချင်းချင်း) ချစ်ကြိုက်မှုက ဘာပြစ်မှုကို ကျူးလွန်မိလို့လဲ ?? ဒါမှမဟုတ် တစ်စုံတစ်ယောက်သောသူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မိလို့လား။ သဘာ၀မဆန်တဲ့ ချစ်ကြိုက်မှုမျိုးကို လက်မခံပါဘူးဆိုတဲ့ လူမျိုးတွေကို အဲ့မေးခွန်းတွေမေးကြည့် သူတို့မှာအဖြေမရှိဘူး။ ရီစရာကောင်း တယ်မလား။

၀မ်ရိပေါ်ဆိုတဲ့ ကျနော်က နဂိုတည်းကမှ ကိုယ့်အပေါ်မကောင်းတဲ့ပတ်၀န်းကျင်ရဲ့စကားတွေကို ဂရုမစိုက်တက်ပေမယ့် ကျန့်ကောကို တစ်ယောက် အဲ့လိုရိုက်ခတ်မှုကိုခံနိုင်ပါ့မလားလို့ထင်မိတယ်။ ဒါပေမယ့် ကျန့်ကော အံ့သြစရာကောင်း လောက်အောင်ကို တုန့်ပြန်တက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီတိုက်ခန်းကို စပြောင်းလာတုန်းက ဘေးခန်းက အဒေါ်ကြီးက ညီအစ်ကိုထင်ပြီး ကျန့်ကောကို သူ့သမီးအပျိုကြီးအစွန်ထုတ်ဖို့ ကြိုးပမ်းလာတယ်။

ကျန့်ကောက အိမ်နီးချင်းမို့ အခင်မင်မပျက်ချင်တာကြောင့် မသိချင်ယောင်ဆောင် ဆက်ဆံပေမယ့် အတင့်ရဲလာပြီး အလုပ်ကပြန်လာတဲ့ ကျနော့်ကို အခန်း၀မှာတွေ့တော့ ...

The Moon Represents My Heart ( Complete )Donde viven las historias. Descúbrelo ahora