**** Warning *****
၀မ်ရိပေါ် အိပ်ချင်မူးတူးဖြစ်ကာ မျက်လုံးကို အားယူကာ ဖွင့်လိုက်တော့ ကိုယ့်မျက်လုံးကို ကိုယ်မယုံကြည်စွာ ပွတ်ပြီး ပြန်ကြည့်လိုက်သည်။
"HAPPY BIRTHDAY Wang Yibo" လို့ရေးထားတဲ့ ကိတ်မုန့်လေးအလယ်မှာ ဖယောင်းတိုင်းလေးထွန်းပြီး ကုတင်စွန်းမှာ ထိုင်နေတဲ့ ကျန့်ကောက ...
"မွေးနေ့ကစပြီး ထာ၀ရ ကျန်းမာပျော်ရွှင်ပါစေ သဲပေါက်လေး ၀မ်ရိပေါ် " ( ရှောင်ကျန့်ကို မယုံနိုင်တဲ့မျက်လုံးနဲ့ တအံ့တသြကြည့်နေတဲ့ ရိပေါ်ကို မွေးနေ့ဆုတောင်းပေးလိုက်သည်။ )
" ကျန့်...ကော.. " ( ၀မ်ရိပေါ်အတွက်ကတော့ တစ်ကယ့်ကို Surprise ပါပဲ )
" ဆုတောင်းလိုက်ပါအုံး "
၀မ်ရိပေါ် ဖယောင်းတိုင်မီး မှုတ်ကာ ဆုတောင်းပြီး ...
"ကျန့်ကော... ဘာစိတ်ကူးပေါက်သွားတာလဲ.. ကော မဟုတ်တဲ့အတိုင်းပဲ " ( ကျန့်ကောဆီက မွေးနေ့ကိတ်ဆိုတာမျိုးက စိတ်ကူးထဲတောင်မရဘူးတာမို့ ၀မ်ရိပေါ်မေးလိုက်သည်။)
"မင်း သဘောကျတယ်မလား " ( ရှောင်ကျန့် ပြန်ဖြေရင်း ပိတ်ထားတဲ့မီးတွေ ထဖွင့်လိုက်သည်။)
" ကျနော် သဘောကျတယ်ဆိုပေမယ့် .. ကော က ဒီလိုမျိုးတွေလုပ်ရတာ မကြိုက်ဘူးမလား "
" ကိုယ် ဒီလိုတွေလုပ်တာ မင်း တစ်ယောက်တည်းအတွက်မို့ .. မင်းပျော်တယ်ဆိုရင် ရပြီ... ရိပေါ်.. သိလား.. ဒီကိတ်မုန့် တညနေလုံး ဖေးဖေးကျဲဆီက သင်ပြီး ကိုယ်တိုင်လုပ်လိုက်တာ ..ဟီး သိပ်တော့မကောင်းဘူးပေါ့ "
" ဟင့်အင်း ..အကောင်းဆုံးပဲကော.. ကျနော်အတွက် ဘယ်အရာနဲ့မှမလဲနိုင်ဘူး " (၀မ်ရိပေါ် ပျော်လွန်းလို့ မျက်ရည်တောင်၀ဲမိသည်။ )
" ကိုယ့်သဲပေါက်လေး အရမ်းချစ်တယ် " ( ရှောင်ကျန့် ရိပေါ် နဖူးလေးကို နမ်းလိုက်ပြီး အနီရောင်ဗူးသေးလေးကိုဖွင့်ကာ မွေးနေ့လက်ဆောင်ပေးလိုက်သည်။ )
"ကျေးဇူးပါ..ကျန့်ကော.. ကျနော် ကြိုက်လိုက်တာ ဒါလေးကို " ( ၀မ်ရိပေါ် အသဲပုံစိန်မှုန်လေးတွေနဲ့လုပ်ထားတဲ့ လော့ကတ်သေးသေးလေးနဲ့ ပလက်တီနမ်ဆွဲကြိုးလေး ကို ကြည့်ရင်း ပြောလိုက်သည်။)

ESTÁS LEYENDO
The Moon Represents My Heart ( Complete )
Fanficဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန်ဘ၀အခြေအနေမျိုးလေးနဲ့ရေးကြည့်ပါမယ်နော်။ ဇာတ်လမ်းမှာ ပါ၀င်မယ့် ဇာတ်ရံနာမည်လေးတွေကို အဆင်ပြေသလိုသုံးသွားမှာမို့ နားလည်ပေးကြပါနော််။ အားပေးကြပါအုံး။ Zawgyi ဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန...