အပိုင်း ( ၁၄ ) - Unicode

646 65 0
                                    

ကျန့်ကော.. သတိလစ်သွားတာကြောင့် ၀မ်ရိပေါ် ဆရာ၀န်ပင့်ပြီး ဆေးပုလင်းချိတ်ပေးထားရသည်။ လက်ကဒဏ်ရာ ကလည်း ခုနမြေကြီးပေါ် လက်နဲ့ရိုက်လို့ရတဲ့ ဒဏ်ရာမဟုတ်ပဲ .. ချွန်တဲ့အရာတခုခုနဲ့ ထိုးခွဲမိထားတာလို့ ဆရာ၀န်က ပြောြပသွားသသည်။ ကော.. ဘာတွေများ ဖြစ်ခဲ့တာလဲ.. မျက်နှာလေးကလဲညိုးပြီးချောင်ကျသွားလိုက်တာ... ကျန့်ကော ဘယ်လိုအင်အားနဲ့ သူ့ဆီရောက်လာမှန်း မသိပေမယ့် ခုလို ကောကိုမြင်ရတာ ကျနော့်ရင်တွေနာလိုက်တာ ကောရယ်။

ကျနော်လည်း ကျန့်ကောကို သေလောက်အောင်လွမ်းနေတာကို သိရဲ့လား.. ဖြစ်နိုင်ရင်လေ ကော..သာကျနော့်ဖက်မှာသာ ရှိခဲ့မယ်ဆိုရင် ကောကိုပိုင်ဆိုင်ရဖို့ ဘယ်သူမှမသိတဲ့နေရာတစ်ခုမှာ ဖွက်ထားလိုက်ချင်တာ... ကျနော့်ရင်ထဲက လောဘတရားပဲ...။ ခုလို ကျနော့်ဆီရောက်လာပေးတာကိုရော..ခနလေးပဲဖြစ်ဖြစ် ခုလို ကောနားမှာ နေခွင့်ရတာ လေးကိုပဲ ကျနော် ပျော်မိပါတယ်။ အချိန်တန်ရင် ပိုင်ရှင်ဆီပြန်ပေးရမယ်ဆိုတာ သိသိကြီးနဲ့ကို ကျနော်ပျော်မိတာ မိုက်မဲရာများ ကျနေမလား ကျန့်ကော.... ။ ၀မ်ရိပေါ် ကျန့်ကော ဘေးမှာထိုင်နေရင်း လက်ကလေးကို သူ့ပါးနဲ့အပ်ကာ တီးတိုးပြောနေမိသည်။

&&&&&&&&

ရှောင်ကျန့် အိပ်ယာနိုးလာပြီး မျက်စိဖွင့်ကြည့်တော့ အိပ်ယာတစ်ခုပေါ် ရောက်နေတာကို သိလိုက်သည်။ ဘေးမှာလည်း ဘယ်သူမှမရှိတာကြောင့် အားယူထထိုင်လိုက်ပြီး ပြန်စဥ်းစားကြည့်လိုက်တော့ သူ ရိပေါ်နဲ့ စကားပြောရင်း လဲကျသွား တာကို သတိရမိပြီး တော်တော်အိပ်ပျော်သွားကာ နေလို့လဲသက်သက်သာသာရှိသွားတာမို့ ကုတင်ပေါ်ကဆင်းပြီး အခန်းပြင်ထွက်လာ လိုက်သည်။

အိမ်ရှေ့ထွက်လာရင်း နာရီကြည့်မိတော့ ည ၁နာရီတောင်ထိုးနေပြီပဲ။ အိမ်အပြင်မှာ ဖြူဖြူဖွေးဖွေးအရိပ်လေးတွေ့တာမို့ ထွက်ကြည့်လိုက်တော့ ရိပေါ်က ကောင်းကင်က လကွေးလေးကို ငေးကာမော့ကြည့်နေသည်။ ရှောင်ကျန့်အနားကို အသာသွားပြီး အနောက်ကနေ ခါးလေးကိုဖက်ထားလိုက်ပြီး လည်ပင်းမှာ မျက်နှာလေးအပ်လိုက်သည်။

The Moon Represents My Heart ( Complete )Tempat cerita menjadi hidup. Temukan sekarang