အပိုင်း ( ၁၆ ) Unicode

595 51 0
                                    

၀မ်ရိပေါ်တို့ ခြံထဲပြန်ရောက်တော့ ခြံထဲကလူတွေက ထူးဆန်းသလို သူတို့ကို၀ိုင်းကြည့်နေတာကြောင့်....

"ဘာကြည့်နေကြတာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြလေ.. မောင်ချို မင်းအမေခနသွားခေါ်ပေး" ( ၀မ်ရိပေါ် ကြည့်နေတဲ့လူအုပ်ကို ဟောက်လိုက်ပြီး မောင်ချိုအမေက ဟင်းချက်ကောင်းတာကြောင့် ခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။)

၀မ်ရိပေါ်ပြောပြီး အိမ်ထဲ၀င်သွားတော့ အလုပ်သမားတစ်ယောက်က ရှောင်ကျန့်လက်ကိုဆွဲကာ

"ဒီက အကိုလေးက အကိုလေးရိပေါ်နဲ့ တော်တော်ခင်တာလား "

"ဘာလို့လဲ.. " ( ရှောင်ကျန့် မေးလိုက်သည်)

" အကိုလေးက တော်တော်ကံထူးတာပဲ.. အကိုလေးရိပေါ်က သူ့ဆိုင်ကယ်ပေါ်ဘယ်သူကိုမှမတင်ဘူး.. တင်ဖို့မပြောနဲ့ အနားကပ်တာတောင်မကြိုက်ဘူး.. ဟိုနေ့က ဒီကအကိုလေးနေမကောင်းဖြစ်တုန်းက အကိုလေးရိပေါ်စိတ်ပူနေတဲ့ပုံစံ ကျနော်တို့ ငယ်ငယ်တည်းက သိလာတဲ့ အကိုလေးရိပေါ်ကော ဟုတ်ပါရဲ့လားတောင် ထင်မိတယ်..ထူးဆန်းပါ့ဗျာ"

"ဟုတ်လား... ၀မ်ရိပေါ်က တော်တော်မာနကြီးတာလား " ( ရှောင်ကျန့် တမင်အရွှန်းဖောက်ကာမေးလိုက်သည်။)

"ကြီးချက်ဗျ..ဒါပေမယ့် အကိုလေးရိပေါ်က စိတ်သဘောကောင်းတယ် .. သူကအဲ့လိုပဲ နေတက်လို့ပါ "

"ကျွန်တော်ဘာလို့ကံထူးလဲ သိချင်လား.. " ( ရှောင်ကျန့်မေးလိုက်တော့ ထိုလူက ပုတ်သင်ညိုလို ခေါင်းကို တဆက်ဆက်ညိတ်နေတာကြောင့် တိုးတိုးပြောမယ်ပုံစံနဲ့ လက်ယက်ခေါ်လိုက်ပြီး )

"ကျွန်တော်က ၀မ်ရိပေါ် ရဲ့ ချစ်သူလေ... " လို့ပြောလိုက်တော့.. ပါးစပ်အဟောင်းသားနဲ့ကြည့်နေတဲ့ ထိုလူကို ရှောင်ကျန့် သဘောကျစွာ ရီလိုက်သည်။

"မောင်မြင့်..... "

၀မ်ရိပေါ်ရဲ့ ခေါ်သံနဲ့အတူ ကိုင်ထားတဲ့လက်ကို စားမတက်၀ါးမတက်ကြည့်လာတာကြောင့်...

" ဟီး.. အကိုလေးရိပေါ်.. ကျနော် လုပ်စရာရှိလို့ သွားလိုက်ဦးမယ်ဆိုကာ.. မောင်မြင့်လစ်ထွက်ခဲ့လိုက်သည်။

The Moon Represents My Heart ( Complete )حيث تعيش القصص. اكتشف الآن