အပိုင်း ( ၂၀ )Unicode

590 69 0
                                    

၀မ်ရိပေါ် ကျန့်ကောတို့အိမ်ကိုရောက်တော့ ရှောင်မားတို့က နွေးနွေးထွေးထွေးကြိုဆို ကြလို့၀မ်းသာမိတယ်။ ကျန့်ကောရဲ့ မားက အိမ်မှာနံနက်စာ လာစားစေချင်တယ်ဆိုတာကြောင့် Hotel မှာ မစားတော့ပဲ စောစောထွက်လာပြီး အိမ်မှာလာစားခြင်းဖြစ်သည်။

"ရိပေါ်လေး.. စားကောင်းရဲ့လား .. ထည့်စား အားမနာနဲ့ .. ကိုယ့်အိမ်လိုသဘောထား ..မားကတော့ သားငယ်လေး တစ်ယောက်ထပ်ရလို့ ၀မ်းသာတယ် " ( ရှောင်မားက ရိပေါ် အနေခက်မည်စိုးတာကြောင့် ဖော်ရွေစွာ ပြောလိုက်သည်။)

"ဟုတ်တယ်.. ရိပေါ်လေး ကောတို့အတွက်လည်း ညီလေးတစ်ယောက်ထပ်ရတာပေါ့ " ( စီချွမ်းကောကလည်း ပြောလာတာကြောင့် )

" ဟုတ်.. ရှောင်မား.. သာကော.. ဖေးဖေးကျဲကော.. ကျေးဇူးပါ.. ကျနော့်ကို ကြိုဆိုပေးလို့ "

"ဟင်.. ကိုယ်ကျ ဘာလို့ကျေးဇူးမတင်တာလဲ.. ကြိုဆိုတဲ့အထဲ ကိုယ်လဲပါတယ်လေ " ( ရှောင်ကျန့်က ၀င်စလိုက်သည်။)

"ခင်ဗျားက ပါစရာလား "

" ရိပေါ်လေးက အလုပ်ပြန်၀င်မယ်ကြားတယ် .. နေဖို့စီစဥ်ပြီးပြီလား..ဒီမှာလာနေလို့ရတယ်နော်.မားကလဲခွင့်ပြု ပေးတယ်" (စီချွမ်း မားနဲ့တိုင်ပင်ထားပြီးတာကြောင့် ရိပေါ်ကို မေးလိုက်သည်။)

" ကောကော.. လောလောဆယ် ကျနော်တို့နှစ်ယောက် တိုက်ခန်းလေးဌါးနေမလားလို့ " ( ရှောင်ကျန့် ရိပေါ်နဲ့ ပြောထားတဲ့အတိုင်း ၀င်ပြောလိုက်သည်။)

" အဲ့ဒါဆို ရှာမနေနဲ့တော့.. ဖေးဖေးတို့လက်ထက်တုန်းက ပါးတို့လက်ဖွဲ့ထားတဲ့ တိုက်ခန်းလေးရှိတယ်လေ..မနေဖြစ်လို့ အိမ်ဌါးတင်ထားတာ.. ခုသူတို့က ပြောင်းသွားပြီဆိုတော့ ကျန့်ကျန့်တို့ နေလို့ရတယ်.. အိမ်နဲ့လဲ မ‌ဝေးတော့ စားရေးသောက်ရေးက ဒီမှာလာစားကြပေါ့ .. နော်.. ကော.. ကောင်းတယ်မလား " ( ဖေးဖေးက ပြောပြီး ယောက်ျားဖြစ်တဲ့ စီချွမ်းကိုပါ ပြောလိုက်တော့ )

" အင်း..ကောင်းသားပဲ .အဲ့လို အဆင်ပြေတာပေါ့ " ( စီချွမ်းလဲ သဘောမတူစရာမရှိတာကြောင့် ထောက်ခံလိုက်သည်။)

"ဟီးးး အဆင်သင့်သွားတာပေါ့.. ကျေးဇူးပါ ဖေးဖေးကျဲ..." ( ရှောင်ကျန့် ရေကန်အသင့်ကြာအသင့်ဖြစ်သွားတာကြောင့် သွားဖြဲရီပြကာ ပြောလိုက်သည်။)

The Moon Represents My Heart ( Complete )Donde viven las historias. Descúbrelo ahora