ရာသီတွေအလီလီပြောင်းကုန်သလို အရွယ်တွေလဲပြောင်းကုန်ပြီ ကျန့်ကော ။ မပြောင်းလဲနိုင်သေးတာ ကျနော်နဲ့ ကျန့်ကောရဲ့ ဆက်နွယ်မှု ဒဏ်ရာပေးလိုက် ဆေးကျွေးလိုက်... ရှေ့လဲဆက်မတိုးသလို နောက်လဲမဆုတ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ခုဆို ၅နှစ် စွန်းစွန်းဖြစ်နေပြီ။ ၃၀နီးပါး ဖြစ်လာတဲ့ ကျနော် ၀မ်ရိပေါ်က အရင်လို ကျန့်ကောနဲ့ ပတ်သက်တဲ့ နာကျင်ရတဲ့ခံစားချက်တွေကို တခုခုဆို ဟန်မဆောင်နိုင်လောက်အောင် မျက်စိမျက်နှာပျက်ပြီး တုန့်ပြန်တာမျိုးတွေမလုပ်တော့ပဲ တည်တည် ငြိမ်ငြိမ်နဲ့ အပြုံးတုတစ်ခုဖန်တီးပြီး ဘာမှမဖြစ်သလို နေတက်လာခဲ့တယ်။
ကျန့်ကောက သူ့ကိုမေးတယ် .. အရင်ကလို သူ့ကိုမချစ်တော့တာလားတဲ့...ရိပေါ်.. ပြောင်းလဲသွားပြီတဲ့..။ အရင်စိတ်နဲ့ဆို ကျနော်ပြောမိမှာ " ဟင့်အင်း..မဟုတ်ဘူးကျနော် ကျန့်ကောကို အရမ်းချစ်တယ် လို့"....ဒါပေမယ့် ကျနော် ပြောထွက်သွားတာက "ကျန့်ကောပဲပြောတယ်မလား.. ကောကို အရမ်းမချစ်နဲ့လို့.." ပြောလိုက်တော့ ကောရဲ့ မျက်ဝန်းလေးတွေရဲပြီး အရည်လဲ့သွားတာကို မမြင်ချင်ယောင်ဆောင်ခဲ့ရတဲ့ ကျနော့်ရင်တွေ ဘယ်လောက်နာတယ် ဆိုတာ ကောသိမယ်မထင်ဘူး။
ကျနော်က ကျန့်ကောအနားကိုရောက်အောင် ခြေလှမ်း ၉၉လှမ်း လှမ်းခဲ့တဲ့သူပါ ကျနော့်ဆီ ကျန်တဲ့တစ်လှမ်းကို လှမ်းဖို့ သတ္တိမရှိဘူးဆိုတဲ့ ကောကို အတင်းမတိုက်တွန်းလိုပါဘူး။ကျန့်ကောပျော်မယ်ဆိုရင် ကျနော် ကျေနပ်ပါတယ်။ အချစ်ဆိုတာ ကိုယ်က အရမ်းချစ်ပေးသလောက် ပြန်မရနိုင်မှန်းသိတဲ့အခါ အလိုလိုအေးစက်သွားတက်တယ်ထင်တယ်။ .
အဲ့လိုပြောလို့ ကျနော် ကျန့်ကောကို မချစ်တော့တာလဲမဟုတ်ဘူး ၊ အချစ်လျော့သွားတာလဲမဟုတ်ဘူး.. ချစ်တယ် အရမ်းချစ်တယ်ဆိုတာထက်ပိုချစ်တယ်.. အရင်ကလဲချစ်ခဲ့တယ် .. ခုလဲချစ်နေတုန်းပဲ... ကျနော့် နှလုံးခုန်သံတွေရပ်တန့် သွားမယ်ဆိုရင်တောင် ကျန့်ကောကိုချစ်တာကို မရပ်တန့်နိုင်ဘူး။ ကျနော့်အတွက် နာကျင်မှုတွေနဲ့ နေသားကျသွားတာ ထင်ပါရဲ့ အရင်လို သွေးဆူဆူနဲ့ စိတ်မဆိုး စိတ်မကောက်တတ်တော့ဘူး ။ ကျနော့နှလုံသားတွေ နာကျင်ရလွန်းလို့ ထုံသွားပြီထင်တယ် ကျန့်ကော....။

ŞİMDİ OKUDUĞUN
The Moon Represents My Heart ( Complete )
Hayran Kurguဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန်ဘ၀အခြေအနေမျိုးလေးနဲ့ရေးကြည့်ပါမယ်နော်။ ဇာတ်လမ်းမှာ ပါ၀င်မယ့် ဇာတ်ရံနာမည်လေးတွေကို အဆင်ပြေသလိုသုံးသွားမှာမို့ နားလည်ပေးကြပါနော််။ အားပေးကြပါအုံး။ Zawgyi ဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန...