***** Warning *****
ဝမ်ရိပေါ် တို့လေယာဉ်နဲ့ ဟဲဟိုးလေဆိပ်ရောက်တော့ ပါးနဲ့မားကပါ ကိုယ်တိုင်လာကြိုသည်။ ဝမ်ရိပေါ်တို့ ကလောမှာပဲ နေပြီး ခြံလုပ်ငန်းတိုးချဲ့လုပ်မယ့်အကြောင်းကို ရှောင်မားနဲ့ သာကောကိုပြောပြတော့ သူတို့လဲ သဘောကျပြီး လိုအပ်တာ ပါကူညီပေးမယ်လို့ပြောသည်။
ကျနော်တို့ မိသားစုနှစ်စုလုံးက မိသားစုဝင်နည်းတာကြောင့် ဘာလုပ်လုပ်အချင်းချင်းတိုင်ပင်ပြီး လိုအပ်တာကူညီ ကြသည်။ ကျန့်ကောကလဲ ထိခိုက်မှုဖြစ်ကတည်းက အလုပ်နားထားရတာကြောင့် ခုလို ကိုယ်ပိုင်အလုပ်လေးလုပ်မှာကို စီချွမ်း သာကောက သဘောကျသည်။
ရှောင်မားနဲ့ စီချွမ်းကောတို့က ကလောမြို့ထဲက အိမ်ကြီးမှာပဲနေဖို့ စီစဉ်ပေးပြီး ဝမ်ရိပေါ်နဲ့ ကျန့်ကောကတော့ ခြံထဲကအိမ်လေးမှာပဲ လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုတာကြောင့် ဝမ်ပါးက အိမ်လေးကို ပြန်ပြုပြင်ထားပေးပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ထည့်ထားပေးသည်။
ရှောင်မား... စီချွမ်းသာကောတို့ပါ ရိပေါ်တို့နှစ်ယောက်နေမယ့် ခြံထဲက အိမ်လေးကို လိုက်ကြည့်ပြီး သဘောတွေကျ နေကြသည်။ ခြံလုပ်ငန်းက ပင်ပမ်းတယ်ဆိုပေမယ့် အသီးအပင်တွေ မြင်ရတာ စိတ်ချမ်းသာဖို့ကောင်းသည်။
"ရှောင်မား.. သာကော..ဖေးကျဲ.. သဘောကျရင် အချိန်မရွေး ဒီကိုပြောင်းလာနေလို့ရတယ်နော် .. ပါးတို့အိမ်က အကြီးကြီးပဲဟာ ကျနော်တို့မိသားစုတွေ အားလုံးတူတူနေလို့ရတယ်" ( ကလောမြို့ထဲက အိမ်ကြီးက ထင်ရူးသားတွေနဲ့ ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးဖြစ်တာကြောင့် ခုလဲ ပါးနဲ့မားအပြင် အိမ်အလုပ်သမားအနည်းငယ်ပဲ ရှိတာကြောင့် ဝမ်ရိပေါ်ပြောလိုက်သည်။)
"နေချင်တာ ရိပေါ်လေး တစ်နေ့နေ့ပေါ့.. ကောရဲ့အလုပ်တွေလဲရှိသေးတယ်..ဖေးဖေး မွေးဖို့လဲရှိသေးတယ်"
"ဖေးကျဲ ..ဘာလေးတွေလဲ သိရရင် ပြောဦးနော်.. "
"စိတ်ချ ကျန့်လေး ပြောမယ် "
နှစ်ဖက်မိဘစုံတော့ ကလောမှာထပ်ပြီး မဖိတ်မဖြစ်မိတ်ဆွေအနည်းငယ်ဖိတ်ကာ ဧည့်ခံပွဲလေးထပ်လုပ်ပေးသည်။ ရှောင်မားတို့ ကလောမှာရှိတုန်း ရိပေါ်တို့လည်း မြို့ထဲအိမ်မှာပဲ မိသားစုလေးစုံတုန်း အတူနေကြသည်။ စီချွမ်းသာကောတို့ ဧည့်ခံပွဲပြီး ရက်အနည်းငယ်ထပ်နေပြီး အလုပ်ရှိသေးတာကြောင့် ရန်ကုန်ပြန်သွားကြတော့မှ ရိပေါ်တို့လဲ ခြံထဲအိမ်လေး ကို ဆိုင်ကယ်နဲ့ လာခဲ့လိုက်ကြသည်။

BẠN ĐANG ĐỌC
The Moon Represents My Heart ( Complete )
Fanfictionဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန်ဘ၀အခြေအနေမျိုးလေးနဲ့ရေးကြည့်ပါမယ်နော်။ ဇာတ်လမ်းမှာ ပါ၀င်မယ့် ဇာတ်ရံနာမည်လေးတွေကို အဆင်ပြေသလိုသုံးသွားမှာမို့ နားလည်ပေးကြပါနော််။ အားပေးကြပါအုံး။ Zawgyi ဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန...