ရှောင်ကျန့်အိပ်ယာကနိုးလို့ မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ပဲ သူ့ကုတင်ဘေး ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်နေရှာတဲ့ ကလေးပေါက်လေး.. ဒီလိုပုံစံနဲ့ ၁၀လ ကျော်အိပ်ခဲ့ရတာ ဘယ်လောက်ပင်ပမ်းလိုက်မလဲ။ ချစ်တယ်..ရိပေါ် ချစ်တယ် ဆိုတာထက် ပိုပိုချစ်ပြီး မြတ်နိုးမိတယ်။ မင်းဟာ ကိုယ့်ဘ၀တစ်ခုလုံးအတွက် အစားထိုးမရနိုင်တဲ့ လူသားလေး။
ရှောင်ကျန့် ကုတင်ပေါ်ကနေ ရိပေါ်ရဲ့ ပါးလေး.. နှာခေါင်းလုံးလုံးလေး.. နှုတ်ခမ်းရဲရဲလေးတွေကို အသာထိတွေ့ပြီး စိတ်ထဲကနေပြောနေမိသည်။ ရှောင်ကျန့် ရိပေါ် မျက်နှာအနှံ့ ထိတွေ့ကြည့်နေရင်း မျက်လုံးပွင့်လာတာကြောင့်
"သဲပေါက်လေး..ကိုယ့်ကြောင့်နိုးသွားပြီလား "
" ဟင့်အင်း ကျနော် အိပ်ရေး၀ပြီ ကျန့်ကော " ( ၀မ်ရိပေါ် ဆိုဖာပေါ်က ထထိုင်ကာ ကျန့်ကော အနားကိုသွားကာ ရင်ခွင်ထဲ တိုး၀င်လိုက်သည်။)
" ကလေးပေါက်လေး.. ချွဲနေတာလား "
"ကျန့်ကောရဲ့ ရင်ခွင်နဲ့ ကိုယ်သင်းနံ့လေး ကျနော် ဘယ်လောက်လွမ်းနေတယ်ဆိုတာ သိရဲ့လား "
" အင်း.. ကိုယ်လဲ မင်းကို အရမ်းလွမ်းနေခဲ့တာ..ကိုယ်ပြောြပမယ်.. မင်းယုံမလားတော့မသိဘူး.. ကိုယ်အိပ်ပျော်နေတုန်း ဖြစ်မယ်.. အဆုံးမရှိတဲ့လမ်းတစ်ခုကို လျှောက်နေရ သလိုပဲ.. ဘယ်နေရာကိုရောက်နေမှန်းလဲ ကိုယ်မသိဘူး.. ဘာမှလဲ သဲသဲကွဲကွဲ မမြင်ရဘူး..အဲ့လမ်းကို ကိုယ်လျှောက်နေမိတာဘယ်လောက်ကြာနေပြီလဲဆိုတာတောင် ကိုယ်မသိဘူး.. အရမ်းလမ်းပျောက်နေတဲ့အချိန်မှာ..နောက်ကနေ မင်းရဲ့ ခေါ်သံ သဲ့သဲ့လေးကို ကြားမိလို့ ပြန်လှည့်ပြေးလာခဲ့တာ...မင်းရဲ့ အသံကဝေးသွားလိုက်..နီးလာလိုက်နဲ့ .. သေချာတာကတော့ မင်းရဲ့ အသံလာရာဆီကိုပဲ ကိုယ်ဦးတည်ပြီးလာခဲ့တာ... "
"ကျန့်ကော.. ကျေးဇူးပါ ကျနော့်ဆီ ရောက်အောင်ပြန်လာပေးဖို့ " (၀မ်ရိပေါ် ကျန့်ကောခါးကို ပိုပြီးတင်းကြပ်စွာဖက် ထားလိုက်သည်။ )
" မင်းအကြာကြီး စောင့်လိုက်ရတဲ့အတွက် ကိုယ်စိတ်မကောင်းဘူး "
![](https://img.wattpad.com/cover/260734392-288-k508177.jpg)
ESTÁS LEYENDO
The Moon Represents My Heart ( Complete )
Fanficဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန်ဘ၀အခြေအနေမျိုးလေးနဲ့ရေးကြည့်ပါမယ်နော်။ ဇာတ်လမ်းမှာ ပါ၀င်မယ့် ဇာတ်ရံနာမည်လေးတွေကို အဆင်ပြေသလိုသုံးသွားမှာမို့ နားလည်ပေးကြပါနော််။ အားပေးကြပါအုံး။ Zawgyi ဒီတစ်ခါ အိုင်ဒေါလေးနှစ်ယောက်ကို မြန်မာပြည်က သာမန...