အပိုင်း ( ၁ရ ) Unicode

561 61 6
                                    

ကျွန်တော်တို့ မဲနယ်တောင်ခြေမှာရှိတဲ့ ပင်စိမ်းရွာလေးကိုရောက်တော့ ..အဲ့မှာ နေ့လည်စာစားရင် ခနတဖြုတ်နား ကြတယ်။ ပင်စိမ်းရွာက လက်ဖက်နဲ့လက်ဖက်ခြောက်က နေရိပ်ထဲမှာပဲလှမ်းပြီး ပြုလုပ်ထားတာကြောင့် အရမ်းစားလို့ ကောင်းလို့ ထမင်းတောင်သိပ်မစားပဲ ရှောင်ကျန့် လက်ဖက်စားလိုက် ရေနွေးလေးသောက်လိုက်နဲ့ အလုပ်ကိုဖြစ်နေရာပဲ။

"ကျန့်ကော.. လက်ဖက်တွေအရမ်းစားမနေနဲ့လေ..ဗိုက်အောင့်မယ်" ( ကျွန်တော့်ရဲ့ ကလေးပေါက်လေးက ဘယ်တော့ မဆို စိတ်ပူတတ်တာ.. သူ့အကျင့် )

" ဟီး ..စားကောင်းလို့ "

"ကြိုက်ရင် အပြန်၀ယ်သွားပေးမယ်..ခုဆက်မစားနဲ့တော့ "

၀မ်ရိပေါ်တို့ နေ့လည် ၂နာရီလောက်ကစပြီး မဲနယ်တောင်ကိုတက်ခဲ့ကြတယ်။ နေ့လည်ဆိုပေမယ့် ကလောရာသီဥတုက သိပ်မပူတာကြောင့် တောလမ်းအတိုင်းတက်ခဲ့ကြတော့ အေးစိမ့်စိမ့်လေးခံစားရတယ်။ လမ်းကနဲနဲဆိုးပေမယ့် အရမ်းမမတ်တာကြောင့် တတ်ရတာအဆင်ပြေတယ်။တက်လာရင်း နာရီ၀က်လောက်ကြာတော့ ...

"အား... ကိုယ်မရတော့ဘူး ခနနားမှဖြစ်တော့မယ် " ( ရှောင်ကျန့်တစ်ယောက် ဟောဟဲစိုက်နေတာကြောင့် မြေကြီးပေါ် ထိုင်ချလိုက်သည်။)

" ရေနဲနဲသောက်လိုက်ကော.. ဖြေးဖြေးချင်းသောက်" ( ၀မ်ရိပေါ် ရေဘူးကမ်းပေးရင်း ဘေးမှာ၀င်ထိုင်ကာ ပြောလိုက်သည်။)

" ရိပေါ်.. ကိုယ်တော့ မင်းပြောသလို အဖိုးဂျီးဖြစ်နေပီထင်တယ်" ( ဘေးမှာထိုင်နေတဲ့ ရိပေါ်ပုခုံးပေါ်ကိုမှီကာ ပြောလိုက်သည်။)

"အရမ်းမောနေလား..အင့် သကြားလုံးလေးငုံထားလိုက်"

"ကိုယ်က ဒီသကြားလုံးမစားချင်ဘူး " ( ရှောင်ကျန့် ရိပေါ် နှုတ်ခမ်းလေးကို စိုက်ကြည့်ကာပြောလိုက်သည်။)

"ဟင်.. ဘာ.စားချင်... ကော.. ကလေးတွေကြည့်ပြီး ရီကုန်ပြီ " ( ၀မ်ရိပေါ် မျက်နှာချင်းနီးကပ်အောင်ကြည့်ပြီးပြောလာတဲ့ ကျန့်ကောကြောင့် ဖြတ်သွားတဲ့ကလေးတွေတောင် ပြုံးစိစိဖြစ်ကုန်တာကြောင့် ပြောလိုက်သည်။)

The Moon Represents My Heart ( Complete )Où les histoires vivent. Découvrez maintenant