unexpectedly

330 53 9
                                    

"ယောင်းအူ! ယောင်းအူ! ထတော့ နေဖင်ထိုးတော့မယ်"

အားရှီး! ဒီနေ့တစ်ရက်လေး အလုပ်ပိတ်လို့ အိပ်ပါတယ်ဆိုမှ အတင်းကိုနှိုးနေတဲ့အမေ

မနေ့ကလည်း မင်္ဂလာပွဲကအကြောင်း ပြန်တွေးမိရင်း စိတ်တိုနေတာနဲ့ ညက တော်တော်နဲ့မအိပ်ဖြစ်လို့ပါဆိုနေ...

"မထသေးဘူး အိပ်ဦးမယ်!"

"ဘာကိုမထမှာလဲ! ထတော့ ငါသော့ရှာဖွင့်ပြီး ရိုက်ထည့်လိုက်ရ!"

"အား! တစ်ကယ်ပါပဲ! ထမယ် ထမယ်! ဟုတ်ပြီလား"

"အေး ပြီးရင် ဆင်းလာခဲ့"

တစ်ကယ်ကို ဒီနေ့တစ်ရက်လေးပဲ ရုံးပိတ်ရက်ပေးလို့ နေ့လည်ထိအိပ်မယ်လုပ်ထားတာကို အတင်းကိုနှိုးနေတော့တာပဲ...

ကိုယ့်မှာအိပ်ချင်တာတောင် အ၀မအိပ်နိုင်~
လူကြီးတွေများ သူတို့ထတာနဲ့ အတင်းကိုလိုက်နှိုးနေတာပဲ~

ထို့နောက် မထချင် ထချင်နဲ့ အိပ်ရာမှ ကုန်းထလိုက်ရင်း မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့၀င်ရတော့သည်။
.
.
.
"ယောင်းအူ! ဒါကို ဘေးအိမ်ကို သွားပို့လိုက်ဦး"

မျက်နှာသစ်ပြီး အပေါ်ကနေဆင်းလာတုန်းပဲ ရှိသေးတယ် အလုပ်ကစခိုင်းပြီ ဟူး~~

"ဘာလို့လဲ"

"မနေ့က ဘေးအိမ်ကို ပြောင်းလာကြတာ ငါတောင်မနေ့က သွားတွေ့သေးတယ် တကယ်ကို သဘောကောင်းကြတယ် မိသားစုကတော့ သုံးယောက်ထဲပဲ သားလေးတစ်ယောက်က ညည်းနဲ့မတိမ်းမရိမ်းပဲ အဲ့သားလေးက အသက်နှစ်နှစ်လောက်တော့ကြီးမယ်ထင်တယ်"

"အဲ့ဒါ သမီးက ဘာလုပ်ရမှာလဲ"

ထိုင်ခုံမှာ၀င်ထိုင်ရင်း ယိုသုတ်ပြီးသား ပေါင်မုန့်တစ်ခုကို ယူစားရင်းပြောလိုက်တော့

"ဘာကိုမဆိုင်ရမှာလဲ အဲ့ကောင်လေးက ရည်ရည်မွန်မွန်လေး တော်လည်းတော်တယ် အဲ့ဒါ ညည်းအတွက်မနေ့က စကားလမ်းကြောင်းခင်းခဲ့တယ် သူ့အမေက‌လည်း သဘောတွေကျနေတာ"

"အား! အမေကတော့ လုပ်ပြန်ပြီ ရည်းစားကို သမီးဘာသာရှာမယ်နော် အိုကေ?"

Stolen SweetheartWhere stories live. Discover now